Sunday, July 26, 2015

လူတွေဟာသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေကိုယ်ယ်လို့လက်ခံထားတဲ့အယူအဆ

စပ်စုခြင်း အကျိုးက ကောင်းလား မကောင်းဘူးလားတော့မသိ
ကိုယ့်စိတ်ထဲက ဖျောက်မရအောင် ဖြစ်နေတော့ မကောင်းဘူးပေါ့
ကံဆိုတာ ကမ္မ အလုပ် တိတိကျကျ ပြောရရင် ပစ္စုပ္ပန်ကာလမှာ ပြုတဲ့ အမှုသာဖြစ်ပြီး လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ ကံကို ပုံမချဖို့ အားမကိုးဖို့ ရေးထားတဲ့ ပို့စ်လေး
တစ်ခု ဖတ်မိရာကစတယ် ပြောရမှာပဲ
ကံကို မယုံဖို့ ကံဆိုတာ လက်ရှိ ကိုယ်ပြုနေတဲ့ ကိစ္စရဲ့ ( အလုပ်) အသီးအပွင့်ကို နာမည်လှလှလေး ပေးထားပြီး ခေါင်းစဉ်တပ်ထားတယ် ဆိုပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့
ကံကံ၏ အကျိုး ယုံကြည်မှုကို ရှုတ်ချထားတဲ့ ပို့စ်လေးပါ ။
သူပေးတဲ့ ဥပမာက ဇီးစေ့စိုက်ရင် ဇီးသီးသီးမှာပဲ ဇီးစေ့က မျက်မြင်ဒိဌ ဇီးသီးကလည်း လက်တွေ့ ဓမ္မ စသည် ဖြင့်ပေါ့
ကိုယ့်မှာ အတိတ်က ကံပါလာလို့ ဇီးပင် အလိုလို ပေါက်မလာဘူးပေါ့လေ
ဖတ်ကြည့်ရင်တော့ ဟုတ်သလိုလို ရှိပါတယ် ယုတ္တိပိုင်းနဲ့ ဆွဲစေ့သွားတာကိုး
ဘယ်နေရာမှာလဲ ကံ မမြင်ရတဲ့ ကံဆိုတာထက် မြင်ရတဲ့ အလုပ်ဆိုတာက သက်သေပဲ ဆိုလိုသလို ပေါ့
စာတစ်ပုဒ်ကို ဖတ်လိုက်တာနဲ့ ဆိုလိုရင်းကို ချက်ချင်းသိပြီး ဟာကွက်ပျော့ကွက် အတိအကျ မြင်တတ်တဲ့ ကျမရဲ့ ပါရမီက ဒီပို့စ် တစ်မျိုးကြီး ဖြစ်နေတာကို
သိနေပေမယ့် အာရုံတွေ သိပ်များနေတော့ ဘာလိုအပ်နေသလဲ ဆိုတာ အဲဒီအချိန်တုန်းက ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်ဘူး
သည်တော့ တစ်ရက်နဲ့ တစ်ည လုံးလုံး သည်ပို့စ်ကို စိတ်ထဲမှာ သယ်ထားမိတယ်
အခြား ဘာမှလည်း လုပ်လို့မရဘူး ဆိုလိုရင်းကို အပြန်အလှန် သုံးသပ်နေတယ်
ဒီပို့စ်ကို ကော်ပီ ယူမထားမိတာ ကို နောင်တရမဆုံး ဖြစ်နေပါတယ်
တစ်ညလုံး စဉ်းစားတယ် နောက်တစ်ရက်လုံး စိတ်ထဲထည့်ပြီး အဖြေရှာကြည့်တာ ခုတော့ ရှင်းလင်းသွားပါပြီ လူကြံတော့လည်း ဘာကိစ္စမှ မခံနိုင်ဘူးမဟုတ်လား
ကံဆိုတာ ပြုခဲ့မိတဲ့ အလုပ်ရဲ့ (အမှုကိစ္စ) အကျိုး အပစ်ကို ဆိုလိုတယ် မဟုတ်လား ။ ဒါကို ဗုဒ္ဓဘာသာမှာ လက်ရှိ ပစ္စုပ္ပန်မှာကော နောင်သံသရာအထိပါ သယ်ပြီး
ချဲ့တွေးပါတယ် ။ နှစ်ခုလုံးထိ သက်ရောက်ပါတယ် ။ အတိတ်ကံဆိုတာကိုလည်း လက်ဆင့်ကမ်း ချဲ့တွေးထားပြန်ပါတယ် ။ သည်တော့ လူနှစ်ယောက် ဇီးပင်ကို
တစ်ချိန်တည်း တစ်ပြိုင်တဲ တူတူစိုက်ကြတယ် ။ စိုက်တဲ့ ဇီးစေ့ကလည်း အတူတူ ရေလောင်းတာလည်း တူတူ မြေရှင်းပေါင်းသင် မြေသြဇာ ကြွေးတာခြင်းအတူတူ
အောက်ခံ မြေသားအတူတူ ပဲကို အထွက်ပိုကောင်းတဲ့ ဇီးပင် ပိုချိုတဲ့ ဇီးသီး ပိုကြီးတဲ့ ဇီးသီး စသည်ဖြင့် ကွဲပြားမှု ရှိလာပါတယ် ။ ဒီကိစ္စကို ယုတ္တိ သဘောနဲ့ ဘယ်လို
ရှင်းမလဲ ။ ပါဝင်ပစ္စည်း ပေါင်းစပ်ပစ္စည်း ပတ်ဝန်းကျင်၏ သက်ရောက်မှု စသည်ဖြင့် အတူတူထားတဲ့ အစမ်းသပ်ခံ ပစ္စည်းနှစ်ခုဟာ သိပ္ပံပညာ ဓါတ်ခွဲခန်းထဲမှာ ဘာမှ
မကွဲပြားပါဘူး ။ ဒါဆို ကွဲပြားမှုဆိုတာကို လောကီပညာနဲ့ အဖြေမထုတ်နိုင်တော့ဘူး မဟုတ်လား ။
လောကီပညာနဲ့ မဆုံးဖြတ်နိုင်တဲ့ ကိစ္စမျိုးတွေဟာ စိတ်စွမ်းအားကို အခြေခံထားတဲ့ လောကုတ္တရာ နယ်ပယ်နဲ့ ချိတ်ဆက်တွေးကြည့် ရင် စိတ်ကျေနပ်တဲ့ အဖြေ တစ်ခု
ရလာနိုင်တယ် မဟုတ်လား ။ ဘယ်လိုတွေးမလဲ ။ ပစ္စည်းအားလုံး တူနေပြီဆိုရင် မတူတဲ့ အရာကို ထည့်စဉ်းစားရပါမယ် ။ ဇီးပင် ကိစ္စမှာ ကွဲပြားနေတာက စိုက်ပျိုးတဲ့ သူ
( လူပုဂ္ဂိုလ် ) ပဲ ဖြစ်ပါတယ် ။ လူတစ်ယောက် ပိုင်ဆိုင်ခံစားနိုင်တဲ့ စွမ်းအင် ( မမြင်ရတဲ့ အင်အား ) ထပ်တူမကျနိုင်လို့ ပိုချို ပိုကြီး အထွက်ပိုကောင်းတဲ့ အရာကို
ခံစားထိုက်တဲ့ ကံခြင်းကွဲပြားမှုလို့ ပြောနိုင်ပါတယ် ။ ဇီးပင် တစ်ပင်ထဲက ကောက်လာတဲ့ ဇီးစေ့ကို အတူတူ စိုက်ရာမှာ ဆယ့်လေးငါးပေ ခွာစိုက်ကြတယ် ။ ကံကောင်းသူ
ရဲ့ ဇီးပင်အောက်မှာ ရေကြောကြီးရှိနေမယ် သဘာဝ မြေသြဇာတွေ ပုံနေမယ် နေရောင်ရပုံမတူဘူး ဒါကျတော့ လူ့ဘက်က လိုက်လုပ်လို့ မရတော့ပါဘူး ။ အဲဒီလူ
တစ်ယောက် ရွေးလိုက်တဲ့ မြေနေရာကသာ အခရာ ဖြစ်သွားပါတယ် ။ မြေသိပ်ကောင်းတဲ့ နေရာကို လူတွေ ကြိုသိမထားနိုင်ပါဘူး ။ ကြိုသိထားရင် ဇီးပင်နှစ်ပင်လည်း
ပေါက်လာတော့မှာ မဟုတ်ပဲ စစ်ပွဲတစ်ခုသာ ပေါ်ပေါက်လာမှာပါ ။ ဒီတော့ သည်မြေနေရာကို အလိုလို ပိုင်ဆိုင်ရဖို့ ကံကသာ အခရာ အကျဆုံးလို့ ပြောချင်ပါတယ် ။
အဲဒီပို့စ်ပိုင်ရှင်က ပစ္စပ္ပုန်ဆိုတာ ဇီးပင်စတင် စိုက်ပျိုးနေတဲ့ အချိန်ဖြစ်ပြီး အနာဂတ်ဟာ စိုက်သူ၏ အဆွေအမျိုး နောက်လာနောက်သားတွေ ခံစားရမည့် အချိန်လို့
ထပ်ဖြည့်ထားပါတယ် ။ သူစိုက်ခဲ့တဲ့ ဇီးပင်က အသီးတွေကို သူ့နောင်လာနောက်သားတွေ ဆက်လက် ခံစားတယ်ပေါ့ ။ ဒီကိစ္စကျတော့ ပိုမိုရှင်းလင်းသွားပါပြီ ။
နောင်လာနောက်သား နှစ်စုမှာ တစ်စုဟာ အစစ အရာရာ သာလွန်နေတဲ့ ဇီးပင်ကြီးကို အလိုလို ပိုင်ဆိုင်ခံစားခွင့် ရပါပြီ ။ အဲဒီလို ခံစားရဖို့အတွက် ကံကောင်းလို့
ဇီးပင်ကောင်းကြီးကို ပိုင်ဆိုင်ခွင့်ရတဲ့ လူပုဂ္ဂိုလ်နဲ့ ရေစက်ရှိရာ ကံကောင်းထောက်မပြီး အမျိုးတော်စပ် ထားရပါမယ် ။ အရမ်းရှင်းလင်းသွားပါပြီ ။ ကံဆိုတာ သမားရိုးကျ
အလုပ်လုပ်လိုက်ခြင်း သက်သက်ကိုသာ မရည်ညွှန်းတော့ပါဘူး ။
ကဲ ဒါဆိုရင် စကား ကပ်ပြီး ဇီးပင်နှစ်ပင်ကို လူတစ်ယောက်ထဲက စိုက်တာကွာ ဘယ်မလဲ မင့်ကံဆိုရင်လည်း ဟုတ်ကဲ့ အဖြေရှိပါတယ် ။ သူ့မှာ အတိတ်ဘဝက ပြုခဲ့တဲ့
ကောင်းမှုကံ မကောင်းမှု ကံ နှစ်မျိုးပါလာလို့ တူတူ စိုက်တဲ့ အစေ့ က အပင်နှစ်မျိုး ဖြစ်နေပါတယ် ။ ဒီဥပမာ ပိုကောင်းတယ်မဟုတ်လား ။
နှစ်ပင်ထဲ မဟုတ်ဖူး တစ်တောလုံး စိုက်တယ်ကွာ ဘာလို့ ကောင်းတာက ကောင်းပြီး ညံ့တာက ညံ့နေလဲ မေးဦးမလား ။ ဟုတ်ကဲ့ များတာက ကောင်းတဲ့ အပင်တွေ
ဖြစ်နေရင် သင်ဟာ အတိတ်ဘဝမှာ ကောင်းတာတွေ များများ လုပ်ခဲ့တဲ့သူ ။ အညံ့တွေများနေရင်တော့ ခင်များက အတိတ်မှာ လူဆိုးဖြစ်ခဲ့တာပေါ့လို့ ဖြေလိုက်ရုံပါပဲ ။
တစ်ယောက်ထဲက စိုက်ထားတဲ့ ဇီးပင် နှစ်ပင်ကို အမွေဆက်ခံတဲ့ နောင်လာနောက်သားတွေနှင့် သူတို့၏ အနာဂတ်မှာတော့ အရှင်းဆုံး ဥပမာ ရလာပါတယ် ။
ကောင်းတဲ့ ဇီးပင်ကို ရတာက တစ်အုပ်စု မကောင်းတဲ့ ဇီးပင်ကို ရတာက တစ်အုပ်စုမို့ ကံကွာခြားမှုဟာ အရေအတွက် ပိုများပြီး ပိုထင်ရှားလာပါတော့တယ် ။
ခပ်တိမ်တိမ်တွေးတော့ ခပ်တိမ်တိမ် မြင်ကြစမြဲ ခပ်နက်နက် တွေးရင် အသေးစိတ် မြင်ရမှာပါ ။
လီရိုတော်စတွိုင်းက ဖရီးသင်ကာတွေဟာ အဂတိကင်းကင်းနဲ့ သူတို့အမြင်ကို ယုံကြည်ချက် ကန့်သတ်ချက်များ၏ အပမှ လွတ်လွတ်လပ်လပ် တွေးတာမျိုးဟာ
အမှန်မြင်နိုင်ဖို့ အကောင်းဆုံးလို့ ပြောသွားပါတယ် ။ ဒါပေမယ့် လွှတ်ရင် လွှတ်နိုင်သလောက် တာသွားမဲ့ အတွေးမျိုးကို ယုတ္တဗေဒနှင့် ကန့်သတ်လိုက်တဲ့အချိန်မှာ
ပြည့်စုံမှု နည်းပါးတဲ့ အမှန်တရားနဲ့သာ ကြုံရပါ လိမ့်မယ် ။ မတူတာတွေကို ငြိမ်းချမ်းစွာ ကွဲပြားလို့ ရပါတယ် ဒါဟာ လူသားတို့၏ မွေးရာပါ အခွင့်အရေးပါ ။ သို့သော်
ယုံကြည်ယူဆချက်ဟာတော့ အမှန်တရားနဲ့ ကင်းလွတ်နေလို့ မကောင်းပါဘူး ။
ဗုဒ္ဓဘုရားရှင်ဟာ စိတ်ကူးဆိုသည် အချိန် အလျင်နှင့် ဟင်းလင်းနယ်တို့ကို ကျော်လွှားနိုင်တယ်ဆိုတာ ၊ စိတ်ကို အကောင်းဆုံး ပြုစုလေ့ကျင့် ပျိုးထောင်နိုင်မယ်ဆိုလျှင်
အဘိညာ ငါးပါး ( သဘာဝလွန် စွမ်းအားငါးရပ် ) ကို ပိုင်ဆိုင်နိုင်မယ်ဆိုတာကို လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀လောက်ကတည်းက ဖော်ထုတ်သွားခဲ့ ပြီးပါပြီ ။
သုံးလောက ထွတ်ထား မြတ်စွာဘုရား ချန်ထားခဲ့ တဲ့(အမှန်) တရားများဟာ ဘယ်လိုလုပ် လွဲပါ့လိမ့်မလဲရှင် ။
စိတ်ချမ်းသာစွာဖြင့်
သျှင်လေညင်း
၂၅ ၊ ရ ၊ ၂၀၁၅
Hla Myaing ရေပက်မဝင်ပါဘဲ။အရွယ်နဲ့မလိုက်အောင်ပါဘဲ။
Smoking is dangerous for your health လို့ဆေးလိပ်ဆေးရွက်ကြီးးရဲ့ဆိုးကျိုးကိုလူတွေသိနေကြပါတယ်။ဆေးလိပ်ဆေးရွက်ကြီးမှီဝဲလို့ဖြစ်တတ်တဲ့ရောဂါတွေကိုလည်းလူတွေသိကြပါတယ်။ဒါပေမဲ့တသက်လုံးဆေးပြင်းလိပ်ကြီးနဲ့တပူးတွဲတွဲတွေ့ရတတ်တဲ့အင်္ဂလိပ်နန်း
ရင်းဝန်ချာချီကြီးဟာဆေးလိပ်ရဲ့ဆိုးကျိုးမခံစားရဘဲသက်ရှည်ကျန်းမာခဲ့တယ်။အဲဒါဘာကြောင့်လည်းဆိုတာသိပ္ပံပညာရှင်တွေအဖြေရှာမရသေးတော့ချာချီလျံeffectလို့ဘဲနံမည်ပေးထားသေးတယ်။အဲဒါဘာကြောင့်လဲလို့ဗုဒ္ဓဘာသာတယောက်ကိုမေးရင်သူ့ကံပေါ့လို့ဖြေလိမ့်မယ်။ခရာဇ်ယန်တယောက်ကဘုရားသခင်အလိုတော်ကျလို့အဖြေထုပ်လိမ့်မယ်။မွတ်စလင်တယောက်ကတော့အလာဟ်စီမ်ံလို့
ခံယူလိမ့်မယ်။မွေးကတည်းကဘာသာမဲ့ခဲ့တဲ့အရင်ဆိုဗီ
ယက်ရုရှားတယောက်ကိုမေးရင်အဖြေတမျိုးထွက်လိမ့်မယ်မှန်တ
။လူတွေဟာသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေကိုယ်ယ်လို့လက်ခံထားတဲ့အယူအဆ၊အယူဝါဒထက်ကျော်လွန်မစဉ်းစားကြပါဘူး။ကိုယ့်အယူအဆနဲ့ကိုက်ညီတဲ့ဘက်ကိုသာအကြောင်းအမျိုးပြပြီးဆွဲတွေးတတ်ကြတယ်။တကဲ့freethinkerကဒါမျိုးမဟုတ်ပါဘူး။
ရှင်လေးညှင်းကိုအကြံပေးခြင်တာကပြည့်စုံငယ်ရွယ်တဲ့
ဘဝမှာချစ်သူနဲ့ပျော်ပျော်ရွှင်နေဘို့ဘဲဖြစ်ပါတယ်။
နက်နက်နဲနဲတွေးတောတယ်
ဆိုတာဝဋ်ကြီးသူတွေရဲ့အလုပ်ပါ။
Shin Lay Nynn ဟီး မတွေးရရင် မနေနိုင်ဘူး ဖြစ်နေတာလည်း ရောဂါလား ဆရာပြောသလို ဝဋ်တခုလား မသိတော့ပါဘူး ဆရာရေ

Tuesday, July 21, 2015

ပြည်တော်သာရမည် Government Tile Factory Burma

ပြည်တော်သာရမည်
Government Tile Factory
Burma
ယခုနှစ်အာဇာနည်နေ့တွင်အတွင်းဝန်ရုံးသို့ရောက်ရှိသွားရာပြုပြင်ဆဲလုပ်ငန်းများမှဖြုတ်ချထားသောအမိုးအုတ်ကြွပ်များကိုအမှတ်တမဲ့ကြည့်ရှု့မိရာခောတ်အဆက်ဆက်အုတ်ကြွပ်များကိုတွေ့ရသည်။
ဗြိတိသျှခောတ်ကုမ္ပဏီအမျိုးမျိုး၏အုတ်ကြွပ်များကြားမှပါလီမန်ခောတ်သမိုင်းကြောင်းကိုထင်ဟပ်နေသောအုတ်ကြွပ်တချပ်ကိုတွေ့ရသည်။ငုင်းမှာ

ပြည်တော်သာရမည်
Government Tile Factory
Burma
စာတမ်းပါအုတ်ကြွပ်ပင်ဖြစ်သည်။ှ
ဖဆပလပါလီမန်ဒီမိုကရေစီကါလကပြည်တော်သာစီမံကိန်းအမည်ဖြင့်စီမံကိန်းတခုအကေါင်အထည်ဖေါ်ခဲ့ဘူးသည်။
လူတစ်ကိုယ်တိုက်တစ်လုံး၊ကါးတစ်စီး၊လစာကျပ်၈၀၀ဟူ၍ဖြစ်သည်။ပြည်သူလူထုကါးပြည်တော်မသာခဲ့။တချို့လူများသာပြည်တော်သာစီမံကိန်း၏အသီးအပွင့်ကိုမယား၂ယောက်နှင့်ခံစားခွင့်ရခဲ့သည်။နေဝင်း၏မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကါလတွင်လည်းပြည်သူလူထုမှာကြားကါလအတွင်းငတ်နေပြီးအချို့သူများသာမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏အသီးအပွင့်ကို
ခံစားခဲ့ရသည်။နေဝင်းနောက်ဆက်ခံသောသန်းရွှေ၊သိန်းစိန်လက်ထက်တွင်လည်း
အမျိုးသားရေးကိုသစ္စာမဖေါက်ဘဲတိုင်းပြည်ကိုကယ်တင်၍ဆင်းရဲမွဲတေမှု့ပပျောက်ရေးဆောင်ရွက်လိုက်ရာလူလတ်တန်းစားပပျောက်သွားပြီးမြန်မာမများနိုင်ငံခြားသို့လူဖေါက်ရန်တင်ပို့ကုန်ြဖစ်ကုန်၏
ဘယ်သောအခါမှပြည်သူ့အကျိုးတကယ်ရှေးရှု့သော၊ပြည်သူနှင့်တသားတည်းဖြစ်သော၊ပြည်သူကလေးစားသောအစိုးရမျိုး
မြန်မာပြည်သူမျိုးရရှိမှာပါလိမ့်