Thursday, November 19, 2015

မှန်တာကိုအားမနာဘဲပြောတတ်သူဒေါ်စု

မှန်တာကိုအားမနာဘဲပြောတတ်သူဒေါ်စု
အမနဲ့သင်လို့မဖြစ်ဘူး။မြန်မာစာတော်တဲ့ဘီဘီစီဦးနေဝင်းနဲ့သင်ဘို့လုပ်နေတယ် ဟုချက်ခြင်းအားမနာတမ်း
ကေါက်ပြောချလိုက်သည်

သမတအထက်ကနေမည်ဟုပြောသည်ကိုကြားလိုက်ရသူတို့နားအဝင်မတော်မည်ကိုမသိမဟုတ်။တခြားနိုင်ငံရေးပရိရာယ်ဖြင့်ရွေးချယ်ပြောနိုင်သော်လည်းမပြော၊ဒဲ့သာပြောသည်။
လူမှု့ရေးတွင်လည်းတခြားသူတို့လူမှုဆက်ဆံရေးအရသွယ်ဝိုက်ပြောမည့်စကါးကိုမပြော။ဒဲ့သာပြောသည်။
အခြေအနေမှန်၊ဖြစ်ရပ်မှန်နှင့်စေတနာမှန်ကိုထင်ဟပ်မြင်တတ်သူတို့အချစ်ပိုမည်
ဖြစ်သော်လည်းနဂိုမလိုလားသူတို့အတွက်ဆေးခါးကြီးတခွက်ဖြစ်ပေမည်။
Photo credit org uploaderူ

Wednesday, October 21, 2015

ဒီခောတ်မှာသူပုန်လုပ်ရတာဇိမ်အကျဆုံးဘဲ

ဒီခောတ်မှာသူပုန်လုပ်ရတာဇိမ်အကျဆုံးဘဲ

ခောတ်အဆက်ဆက်နိုင်ငံတော်ပုံကန်မှု့
ဆိုတာအပြစ်အကြီးဆုံးဘဲ။သေဒါဏ်နဲ့ထောင်ဒါဏ်ဘဲ။နိုင်ငံတော်ပုံကန်တဲ့သူ
သိန်းထီပေါက်ရင်တောင်ထုတ်မပေးဘူးလို့
ထီလက်မှတ်နောက်ကြောမှာကြေငြာခဲ့ဘူးတယ်။ဖဆပလခောတ်မှာသူပုန်ဆိုထောင်ထဲဝင်ကြိုးမိန့်ဘဲ။ဗိုလ်မှုးချစ်ကေါင်းတောင်တိုင်းပြည်အတွက်အနှစ်၂၀လုပ်ပြီးသူပုန်မှု့နဲ့ထောင်ထဲဝင်ကြိုးမိန်စောင့်ရင်းအနှစ်နှစ်ဆယ်ဆိုတဲ့စာအုပ်ရေးဘူးတယ်
မဆလခောတ်မှာလည်းဗိုလ်ကြီးအုန်းကျော်မြင့်လက်နက်မကိုင်ဘဲလေနဲ့နိုင်ငံတော်ပုံကန်မိလို့ကြိုးဒါဏ်တကယ်ခံစားသွားရတယ်။သူရဦးတင်ဦးတောင်အဖျားခတ်သွားသေးတယ်။သခင်စိုးကြီးလည်းထောင်ထဲဝင်ခဲ့ရတာဘဲ။ကျောင်းသားဆလိုင်းတင်မောင်ဦးတောင်စစ်သားတယောက်ကိုမှလက်ဖျားနဲ့မထိခဲ့ရဘဲသေဒါဏ်တကယ်ခံခဲ့ရတယ်။
နောက်ပိုင်းခောတ်ပြောင်းလာတော့
လော်စစ်ဟန်၊ခွန်ဆာတို့လက်နက်တ
ကယ်ကိုင်တဲ့သူပုန်ကြီးတွေထောင်ထဲမဝင်ရဘဲမြို့ပေါ်မှာသူဋ္ဌေးကြီးတွေဖြစ်လာတယ်။
ခောတ်ပြောင်းပြီးရင်းပြောင်းလာလိုက်တာသူပုန်တွေပါမစ်ရတယ်၊မြေကွက်ရတယ်။စားပွဲဝိုင်းအတူတူထိုင်ရင်းအရက်ခွက်ခြင်းတိုက်နိုင်တယ်။
အခုနောက်ဆုံးခောတ်မှာတော့လက်ကုန်ဘဲဗျို့။ကိုးကန့်သူပုန်နဲ့လောက်ကိုင်စစ်ပွဲကသိပ်မကြာသေးတော့ခင်ဗျားတို့မှတ်မိမှာပါ။ဗမာ့တပ်မတော်ကလက်နက်ရုံကိစ္စနဲ့ဖုန်ကြားရှင်တို့ကိုလောက်ကိုင်ကပထမအကြိမ်တိုက်ထုတ်လိုက်တုန်းကတန်ဆာခံပြည်သူ့ရဲတွေကိုသူပုန်တွေသတ်သွားတဲ့ပုံသတင်းစာထဲမှာဖေါ်ပြထားတာခင်ဗျားတို့တွေ့လိုက်မှာပါ။
အဲဒီတုန်းကထွက်ပြေးသွားရတဲ့ဖုန်ကြားရှင်ကလူတစ်ထောင်လောက်နဲ့စစ်ကြေငြာပြီးလာတိုက်တဲ့ဒုတိယစစ်ပွဲကိုလည်းခင်ဗျားတို့မှတ်မိမှာပါ။
အဝိုင်းခံရတဲ့စစ်တပ်ကိုကယ်ဘို့အထက်အမိန့်အရအပြင်းချီတက်သွားတဲ့စစ်တပ်စစ်ပညာကိုမသုံးနိုင်ဘဲအထက်အမိန့်အတိုင်းအချိန်မှီရောက်အောင်ကမူးရှုးတိုးချီတက်လိုက်တာသူပုန်သတ်ကွင်းထဲရောက်ပြီးအတုံးအရုံးကျကုန်တယ်။စစ်သမိုင်းမှာတိုက်ပွဲတပွဲထဲမှာကျဆုံးတာဒီတိုက်ပွဲမှာအများဆုံးဘဲထင်တယ်။အဲဒီတော့မှမခံမရပ်နိုင်ကျူးကျော်စစ်လို့လွှတ်ကနဲပြော၊နောက်မှလျှောချတာတပိုင်းပေါ့။ရဲမိုးလိုfbပေါ်မှာစစ်တိုက်နေတဲ့ပုဂ္ဂိုလ်ကြီးတွေကနေကြာပွင့်တပ်ပြီးအမြှောက်နဲ့စက္ကန်မလပ်ပစ်၊လေယာဉ်နဲ့ဗုံးကြဲလိုက်တာဖုန်ကြားရှင်တို့လည်းမခံနိုင်ရှာပါဘူး။တရုပ်ပြည်ဘက်ကျသွားတဲ့ဗုံးသတင်းလည်းကြား
လိုက်ပါတယ်။ပြည်သူလူထုလည်းဘောင်းဘီတိုဝတ်၊ဝါးခြင်းကြားလွယ်ပြီးတိုက်နေရတဲ့သာမန်စစ်သားလေးတွေပုံfbမှာ
မြင်ရတဲ့အခါသမီးမင်္ဂလာဆောင်ကိုစိန်စီ
ပေးနိုင်သူရှိသလိုဒီလိုအခြေအနေရှိသူတွေလည်းရှိသေးတယ်ဆိုတာသဘောပေါက်ပြီးစာနာစိတ်ဝင်မိကြတယ်။ချုံပြောရရင်ဒီတပွဲလည်းဖုန်ကြားရှင်ရှုံးပြေးပြီးဗမာ့တပ်မတော်ကနိုင်လိုက်ပါတယ်။
အခုဖုန်ကြားရှင်ကပြည်တွင်းမှာပြန်နေခြင်တယ်ပြောတော့နိုင်ငံတော်သမတကြီးကရင်းနှီးမှု့ကိုထောက်ထားပြီးဖုန်ကြား
ရှင်ကိုပြည်တွင်းကြိုက်ရာနေရာမှာနေထိုင်ခွင့်ပြုတယ်တဲ့။သေနတ်အလက်၆၀တော့ယူလာခွင့်မပြုဘူးတဲ့။ဘာတွေယူလာခွင့်ပြုတယ်ဆိုတာတော့ဟိုဘက်ကရောဒီဘက်ကရောထုတ်မပြောပါဘူး။
ဒီသတင်းကြားရတော့မဆီမဆိုင်ပိုးစိုးပက်ဆက်အသတ်ခံခဲ့ရတဲ့ပြည်သူ့ရဲသားလေးတွေ၊ဝါးခြင်းလွယ်ရင်းကျဆုံးသွားတဲ့တပ်သားလေးတွေ၊မသေခင်ရွှေတိဂုံစေတီတော်ကိုဖူးသွားခြင်တယ်လို့ပြောပြီးပြည်ပမှာခေါင်းချသွားရတဲ့ဗိုလ်ကျော်ဇော၊
fbပေါ်မှာလူထုခေါင်းဆောင်ကိုအမျိုးမျိုးစော်ကါးထားတာကိုတွေ့ပြီးကိုယ်လည်းအဲဒီလိုလုပ်ခွင့်ရှိတယ်ထင်လို့လက်ဆော့မိလို့ထောင်ထဲဝင်သွားရတဲ့ချောစန္ဒီထွန်းတို့ကိုမြင်ယောင်မိတယ်။
Ps ဖဆပလခောတ်ကသူပုန်တွေကို
လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါကျူးလွန်ခဲ့တဲ့လူသတ်မှု့နဲ့မုဒိန်းမှု့ကိုတော့လွတ်ငြိမ်းခွင့်မပေးပါဘူး။ဥပဒေအတိုင်းပြစ်
ဒါဏ်ခံရပါမယ်
ကဲ ဒီခောတ်မှာသူပုန်လုပ်ရတာဇိမ်မကျဘူးလားဗျာ။လက်မှတ်ထိုးနိုင်တဲ့သူနဲ့ကြိုပြီးအရင်းအနှီးလုပ်ထားဘို့တော့လိုမယ်။

Saturday, October 3, 2015

လူယုတ်မာသည်လူယုတ်မာဖြစ်နေသော ကြောင့်အသုံးဝင်နေခြင်းဖြစ်သည်..,

လူယုတ်မာသည်လူယုတ်မာဖြစ်နေသော
ကြောင့်အသုံးဝင်နေခြင်းဖြစ်သည်..,
ဇီဝက၊လီနင်၊ဗိုလ်ချုပ်အောင်ဆန်း
ဒီတောအုပ်တွင်းမှာရှိတဲ့နွယ်မြက်သစ်ပင်အားလုံးတနည်းမဟုတ်တနည်းဆေးဘက်ဝင်ပါတယ်။အပင်တိုင်းရဲ့အမြစ်၊အခေါက်၊ပင်စည်၊အကိုင်းအခက်၊အပွင့်အသီးအားလုံးတနည်းမဟုတ်တနည်းဆေးဘက်ဝင်ပါတယ်။ဒါကြောင့်ဆရာရှာခိုင်းတဲ့
ဆေးဘက်မဝင်တဲ့နွယ်မြက်သစ်ပင်ရှာမရဘဲလက်ဗလာနှင့်ပြန်လာရခြင်းဖြစ်ပါတယ်။......ဇီဝကဆိုလျှင်ဗုဒ္ဓခောတ်သမားတော်ကြီးဖြစ်သည်ကိုသိကြပြီးဖြစ်မည်ထင်ပါသည်။အထက်ပါစာပိုဒ်မှာဇီဝကအားသူ့ဆရာကတရွင်းတချောင်းပေးပြီးတောတွင်းလွှတ်၍ဆေးဘက်မဝင်သောနွယ်မြက်သစ်ပင်တပင်မျှယူလာခဲ့ရန်စေလွှတ်လိုက်သည်ကိုလက်ဗလာနှင့်ပြန်လာပြီးဇီဝကပြောကြားသည့်စကါးဖြစ်နိုင်ပါသည်။ဇီဝကကါးသူနှင့်ပါတ်သက်သည့်ဆေးပညာတွင်အရာအားလုံးကိုအချိန်ကါလ၊ဒေသ၊ပရောဂနှင့်ကိုက်ညီစွာသူ့နေရာနှင့်သူအသုံးတည့်အောင်သုံးတတ်သူတည်း။
လူယုတ်မာသည်လူယုတ်မာဖြစ်နေသောကြောင့်အသုံးဝင်နေခြင်းဖြစ်သည်.....
ဤစကါးစုကါးလီနင်၏ပြောစကါးဖြစ်သည်။လီနင်သည်ကါးမတ်နှင့်အိန်ဂျယ်တို့
၏ကွန်မြူနစ်သီအိုရီကိုလက်တွေ့ကျင့်သုံးသည့်ဆိုဗီယက်ရုရှားနိုင်ငံကိုထူထောင်ခဲ့သည့်ရုရှားခေါင်းဆောင်ကြီးဖြစ်သည်။
အင်အားကြီးဇာဘုရင်နှင့်အရင်းရှင်နိုင်ငံများအားဆန့်ကျင်ပြီးနိုင်ငံသစ်ဆိုဗီယက်ရုရှားအားထူထောင်ရာတွင်လီနင်သည်
လူယုတ်မာသည်လူယုတ်မာဖြစ်နေသောကြောင့်အသုံးဝင်နေခြင်းဖြစ်သည်ဟူသောဖီလော်ကိုသုံးပြီးမျိုးချစ်၊လယ်သမား၊အလုပ်သမား၊စစ်သား၊ပြည်ပြေး၊အတွင်း
သစ္စာဖေါက်နှင့်လူယုတ်မာများပါမကျန်
လူအားလုံးကိုသူ့နေရာနှင့်သူအသုံးတည့်အောင်စည်းရုံးအသုံးချပြီးနိုင်ငံထူထောင်ခဲ့ဟန်တူသည်။
ကိုဖေခင် ခင်ဗျားကိုကျွန်တော်ပြောစရာရှိတယ်၊
တော်လှန်ရေးသမားဆိုတာသုံးမျိုးသုံးစားရှိတယ်ခင်ဗျားသိလား
ပထမတစ်မျိုးကလက်နက်ကိုင်ပြီးတိုက်ရဲတယ်၊သတ်ရဲဖြတ်ရဲအသေခံရဲတယ်၊ဒုတိ
ယအမျိုးအစားကလက်နက်ကိုင်ပြီးမတိုက်ရဲ၊မခိုက်ရဲ၊မသတ်ရဲ၊မဖြတ်ရဲဘူး၊အသေလည်းမခံရဲဘူး၊ဒါပေမဲ့တရွာဝင်တရွာထွက်အပင်ပန်းခံအဆင်းရဲခံပြီးစည်းရုံးရေးလုပ်နိုင်တယ်၊စားစရာရရင်စား၊မရရင်မစားဘဲဇွဲနဘဲနှင့်အငတ်ခံနိုင်တယ်။တတိယအမျိုးအစားကတိုက်လဲမတိုက်ရဲ၊
အသေလည်းမခံရ၊ဲအပင်ပန်းအဆင်းရဲအငတ်အပြတ်လည်းမခံနိုင်ဘူး၊ခပ်ကြော့ကြော့လေးဝတ်စားပြီးဦးနှောက်သုံးပြီးတိုင်း
ပြည်အတွက်ဘာလုပ်ပေးရမလဲ၊လုပ်ပေးနိုင်တယ်ဆိုတဲ့လူစားမျိုးဖြစ်တယ်၊ခင်ဗျားကအဲဒီအမျိုးအစားထဲပါတယ်၊ခင်ဗျားကိုကျုပ်တာဝန်ပေးစရာရှိတယ်...,
ဤစကါးစုမှာဗိုလ်ချုပ်အောင်ဆန်းကကိုဖေခင်(သံအမတ်ဟောင်း)ကိုရွှေတိဂုံညီလာခံတွင်ခေါ်တွေ့ပြီးပြောသောစကါးဖြစ်သည်။နောက်ပိုင်းကိုဖေခင်အားဖဆပလအဖွဲ့ချုပ်တွင်အသစ်ဖွင့်လှစ်သည့်နယ်ခြားဒေသဌာနခွဲအတွင်းရေးမှုးအဖြစ်တာဝန်ပေးခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းကါးကါလဒေသနှင့်လူတို့ကိုအချိန်ကိုက်ရွေးချယ်အသုံးချတတ်သည်။ဂျပန်အားပေါင်းရမည့်အချိန်တွင်ပေါင်းသည်။ခွာရမည့်အချိန်တွင်ခွာသည်။ဗမာ့လွတ်လပ်ရေးအတွက်တိုင်းရင်းသားအင်အားစု၊ကွန်မြူနစ်၊နိုင်ငံခြားမဟာမိတ်အကူအညီအားလုံးသူ့နေရာနှင့်သူသုံးတတ်ခဲ့သည်။
အလှုပွဲတခုတွင်သံဃာစင်တွင်ထိုင်သူလိုအပ်သလိုပုဂံဆေးသူလည်းလိုအပ်ပေသည်။သူ့နေရာနှင့်သူအသုံးတည့်အောင်နေရာချတတ်ဘို့လိုသည်။
ဇီဝက၊လီနင်၊ဗိုလ်ချုပ်အောင်ဆန်းတို့တွင်တူညီသောအရည်အခြင်းရှိသည်။ထိစပ်ရာလူတိုင်း၊ပစ္စည်းတိုင်း၊အချိန်အခါတိုင်း
ကိုအသုံးတည့်အောင်အသုံးချတတ်ခြင်းပင်ဖြစ်သည်။ဲ

Sunday, July 26, 2015

လူတွေဟာသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေကိုယ်ယ်လို့လက်ခံထားတဲ့အယူအဆ

စပ်စုခြင်း အကျိုးက ကောင်းလား မကောင်းဘူးလားတော့မသိ
ကိုယ့်စိတ်ထဲက ဖျောက်မရအောင် ဖြစ်နေတော့ မကောင်းဘူးပေါ့
ကံဆိုတာ ကမ္မ အလုပ် တိတိကျကျ ပြောရရင် ပစ္စုပ္ပန်ကာလမှာ ပြုတဲ့ အမှုသာဖြစ်ပြီး လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ ကံကို ပုံမချဖို့ အားမကိုးဖို့ ရေးထားတဲ့ ပို့စ်လေး
တစ်ခု ဖတ်မိရာကစတယ် ပြောရမှာပဲ
ကံကို မယုံဖို့ ကံဆိုတာ လက်ရှိ ကိုယ်ပြုနေတဲ့ ကိစ္စရဲ့ ( အလုပ်) အသီးအပွင့်ကို နာမည်လှလှလေး ပေးထားပြီး ခေါင်းစဉ်တပ်ထားတယ် ဆိုပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့
ကံကံ၏ အကျိုး ယုံကြည်မှုကို ရှုတ်ချထားတဲ့ ပို့စ်လေးပါ ။
သူပေးတဲ့ ဥပမာက ဇီးစေ့စိုက်ရင် ဇီးသီးသီးမှာပဲ ဇီးစေ့က မျက်မြင်ဒိဌ ဇီးသီးကလည်း လက်တွေ့ ဓမ္မ စသည် ဖြင့်ပေါ့
ကိုယ့်မှာ အတိတ်က ကံပါလာလို့ ဇီးပင် အလိုလို ပေါက်မလာဘူးပေါ့လေ
ဖတ်ကြည့်ရင်တော့ ဟုတ်သလိုလို ရှိပါတယ် ယုတ္တိပိုင်းနဲ့ ဆွဲစေ့သွားတာကိုး
ဘယ်နေရာမှာလဲ ကံ မမြင်ရတဲ့ ကံဆိုတာထက် မြင်ရတဲ့ အလုပ်ဆိုတာက သက်သေပဲ ဆိုလိုသလို ပေါ့
စာတစ်ပုဒ်ကို ဖတ်လိုက်တာနဲ့ ဆိုလိုရင်းကို ချက်ချင်းသိပြီး ဟာကွက်ပျော့ကွက် အတိအကျ မြင်တတ်တဲ့ ကျမရဲ့ ပါရမီက ဒီပို့စ် တစ်မျိုးကြီး ဖြစ်နေတာကို
သိနေပေမယ့် အာရုံတွေ သိပ်များနေတော့ ဘာလိုအပ်နေသလဲ ဆိုတာ အဲဒီအချိန်တုန်းက ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်ဘူး
သည်တော့ တစ်ရက်နဲ့ တစ်ည လုံးလုံး သည်ပို့စ်ကို စိတ်ထဲမှာ သယ်ထားမိတယ်
အခြား ဘာမှလည်း လုပ်လို့မရဘူး ဆိုလိုရင်းကို အပြန်အလှန် သုံးသပ်နေတယ်
ဒီပို့စ်ကို ကော်ပီ ယူမထားမိတာ ကို နောင်တရမဆုံး ဖြစ်နေပါတယ်
တစ်ညလုံး စဉ်းစားတယ် နောက်တစ်ရက်လုံး စိတ်ထဲထည့်ပြီး အဖြေရှာကြည့်တာ ခုတော့ ရှင်းလင်းသွားပါပြီ လူကြံတော့လည်း ဘာကိစ္စမှ မခံနိုင်ဘူးမဟုတ်လား
ကံဆိုတာ ပြုခဲ့မိတဲ့ အလုပ်ရဲ့ (အမှုကိစ္စ) အကျိုး အပစ်ကို ဆိုလိုတယ် မဟုတ်လား ။ ဒါကို ဗုဒ္ဓဘာသာမှာ လက်ရှိ ပစ္စုပ္ပန်မှာကော နောင်သံသရာအထိပါ သယ်ပြီး
ချဲ့တွေးပါတယ် ။ နှစ်ခုလုံးထိ သက်ရောက်ပါတယ် ။ အတိတ်ကံဆိုတာကိုလည်း လက်ဆင့်ကမ်း ချဲ့တွေးထားပြန်ပါတယ် ။ သည်တော့ လူနှစ်ယောက် ဇီးပင်ကို
တစ်ချိန်တည်း တစ်ပြိုင်တဲ တူတူစိုက်ကြတယ် ။ စိုက်တဲ့ ဇီးစေ့ကလည်း အတူတူ ရေလောင်းတာလည်း တူတူ မြေရှင်းပေါင်းသင် မြေသြဇာ ကြွေးတာခြင်းအတူတူ
အောက်ခံ မြေသားအတူတူ ပဲကို အထွက်ပိုကောင်းတဲ့ ဇီးပင် ပိုချိုတဲ့ ဇီးသီး ပိုကြီးတဲ့ ဇီးသီး စသည်ဖြင့် ကွဲပြားမှု ရှိလာပါတယ် ။ ဒီကိစ္စကို ယုတ္တိ သဘောနဲ့ ဘယ်လို
ရှင်းမလဲ ။ ပါဝင်ပစ္စည်း ပေါင်းစပ်ပစ္စည်း ပတ်ဝန်းကျင်၏ သက်ရောက်မှု စသည်ဖြင့် အတူတူထားတဲ့ အစမ်းသပ်ခံ ပစ္စည်းနှစ်ခုဟာ သိပ္ပံပညာ ဓါတ်ခွဲခန်းထဲမှာ ဘာမှ
မကွဲပြားပါဘူး ။ ဒါဆို ကွဲပြားမှုဆိုတာကို လောကီပညာနဲ့ အဖြေမထုတ်နိုင်တော့ဘူး မဟုတ်လား ။
လောကီပညာနဲ့ မဆုံးဖြတ်နိုင်တဲ့ ကိစ္စမျိုးတွေဟာ စိတ်စွမ်းအားကို အခြေခံထားတဲ့ လောကုတ္တရာ နယ်ပယ်နဲ့ ချိတ်ဆက်တွေးကြည့် ရင် စိတ်ကျေနပ်တဲ့ အဖြေ တစ်ခု
ရလာနိုင်တယ် မဟုတ်လား ။ ဘယ်လိုတွေးမလဲ ။ ပစ္စည်းအားလုံး တူနေပြီဆိုရင် မတူတဲ့ အရာကို ထည့်စဉ်းစားရပါမယ် ။ ဇီးပင် ကိစ္စမှာ ကွဲပြားနေတာက စိုက်ပျိုးတဲ့ သူ
( လူပုဂ္ဂိုလ် ) ပဲ ဖြစ်ပါတယ် ။ လူတစ်ယောက် ပိုင်ဆိုင်ခံစားနိုင်တဲ့ စွမ်းအင် ( မမြင်ရတဲ့ အင်အား ) ထပ်တူမကျနိုင်လို့ ပိုချို ပိုကြီး အထွက်ပိုကောင်းတဲ့ အရာကို
ခံစားထိုက်တဲ့ ကံခြင်းကွဲပြားမှုလို့ ပြောနိုင်ပါတယ် ။ ဇီးပင် တစ်ပင်ထဲက ကောက်လာတဲ့ ဇီးစေ့ကို အတူတူ စိုက်ရာမှာ ဆယ့်လေးငါးပေ ခွာစိုက်ကြတယ် ။ ကံကောင်းသူ
ရဲ့ ဇီးပင်အောက်မှာ ရေကြောကြီးရှိနေမယ် သဘာဝ မြေသြဇာတွေ ပုံနေမယ် နေရောင်ရပုံမတူဘူး ဒါကျတော့ လူ့ဘက်က လိုက်လုပ်လို့ မရတော့ပါဘူး ။ အဲဒီလူ
တစ်ယောက် ရွေးလိုက်တဲ့ မြေနေရာကသာ အခရာ ဖြစ်သွားပါတယ် ။ မြေသိပ်ကောင်းတဲ့ နေရာကို လူတွေ ကြိုသိမထားနိုင်ပါဘူး ။ ကြိုသိထားရင် ဇီးပင်နှစ်ပင်လည်း
ပေါက်လာတော့မှာ မဟုတ်ပဲ စစ်ပွဲတစ်ခုသာ ပေါ်ပေါက်လာမှာပါ ။ ဒီတော့ သည်မြေနေရာကို အလိုလို ပိုင်ဆိုင်ရဖို့ ကံကသာ အခရာ အကျဆုံးလို့ ပြောချင်ပါတယ် ။
အဲဒီပို့စ်ပိုင်ရှင်က ပစ္စပ္ပုန်ဆိုတာ ဇီးပင်စတင် စိုက်ပျိုးနေတဲ့ အချိန်ဖြစ်ပြီး အနာဂတ်ဟာ စိုက်သူ၏ အဆွေအမျိုး နောက်လာနောက်သားတွေ ခံစားရမည့် အချိန်လို့
ထပ်ဖြည့်ထားပါတယ် ။ သူစိုက်ခဲ့တဲ့ ဇီးပင်က အသီးတွေကို သူ့နောင်လာနောက်သားတွေ ဆက်လက် ခံစားတယ်ပေါ့ ။ ဒီကိစ္စကျတော့ ပိုမိုရှင်းလင်းသွားပါပြီ ။
နောင်လာနောက်သား နှစ်စုမှာ တစ်စုဟာ အစစ အရာရာ သာလွန်နေတဲ့ ဇီးပင်ကြီးကို အလိုလို ပိုင်ဆိုင်ခံစားခွင့် ရပါပြီ ။ အဲဒီလို ခံစားရဖို့အတွက် ကံကောင်းလို့
ဇီးပင်ကောင်းကြီးကို ပိုင်ဆိုင်ခွင့်ရတဲ့ လူပုဂ္ဂိုလ်နဲ့ ရေစက်ရှိရာ ကံကောင်းထောက်မပြီး အမျိုးတော်စပ် ထားရပါမယ် ။ အရမ်းရှင်းလင်းသွားပါပြီ ။ ကံဆိုတာ သမားရိုးကျ
အလုပ်လုပ်လိုက်ခြင်း သက်သက်ကိုသာ မရည်ညွှန်းတော့ပါဘူး ။
ကဲ ဒါဆိုရင် စကား ကပ်ပြီး ဇီးပင်နှစ်ပင်ကို လူတစ်ယောက်ထဲက စိုက်တာကွာ ဘယ်မလဲ မင့်ကံဆိုရင်လည်း ဟုတ်ကဲ့ အဖြေရှိပါတယ် ။ သူ့မှာ အတိတ်ဘဝက ပြုခဲ့တဲ့
ကောင်းမှုကံ မကောင်းမှု ကံ နှစ်မျိုးပါလာလို့ တူတူ စိုက်တဲ့ အစေ့ က အပင်နှစ်မျိုး ဖြစ်နေပါတယ် ။ ဒီဥပမာ ပိုကောင်းတယ်မဟုတ်လား ။
နှစ်ပင်ထဲ မဟုတ်ဖူး တစ်တောလုံး စိုက်တယ်ကွာ ဘာလို့ ကောင်းတာက ကောင်းပြီး ညံ့တာက ညံ့နေလဲ မေးဦးမလား ။ ဟုတ်ကဲ့ များတာက ကောင်းတဲ့ အပင်တွေ
ဖြစ်နေရင် သင်ဟာ အတိတ်ဘဝမှာ ကောင်းတာတွေ များများ လုပ်ခဲ့တဲ့သူ ။ အညံ့တွေများနေရင်တော့ ခင်များက အတိတ်မှာ လူဆိုးဖြစ်ခဲ့တာပေါ့လို့ ဖြေလိုက်ရုံပါပဲ ။
တစ်ယောက်ထဲက စိုက်ထားတဲ့ ဇီးပင် နှစ်ပင်ကို အမွေဆက်ခံတဲ့ နောင်လာနောက်သားတွေနှင့် သူတို့၏ အနာဂတ်မှာတော့ အရှင်းဆုံး ဥပမာ ရလာပါတယ် ။
ကောင်းတဲ့ ဇီးပင်ကို ရတာက တစ်အုပ်စု မကောင်းတဲ့ ဇီးပင်ကို ရတာက တစ်အုပ်စုမို့ ကံကွာခြားမှုဟာ အရေအတွက် ပိုများပြီး ပိုထင်ရှားလာပါတော့တယ် ။
ခပ်တိမ်တိမ်တွေးတော့ ခပ်တိမ်တိမ် မြင်ကြစမြဲ ခပ်နက်နက် တွေးရင် အသေးစိတ် မြင်ရမှာပါ ။
လီရိုတော်စတွိုင်းက ဖရီးသင်ကာတွေဟာ အဂတိကင်းကင်းနဲ့ သူတို့အမြင်ကို ယုံကြည်ချက် ကန့်သတ်ချက်များ၏ အပမှ လွတ်လွတ်လပ်လပ် တွေးတာမျိုးဟာ
အမှန်မြင်နိုင်ဖို့ အကောင်းဆုံးလို့ ပြောသွားပါတယ် ။ ဒါပေမယ့် လွှတ်ရင် လွှတ်နိုင်သလောက် တာသွားမဲ့ အတွေးမျိုးကို ယုတ္တဗေဒနှင့် ကန့်သတ်လိုက်တဲ့အချိန်မှာ
ပြည့်စုံမှု နည်းပါးတဲ့ အမှန်တရားနဲ့သာ ကြုံရပါ လိမ့်မယ် ။ မတူတာတွေကို ငြိမ်းချမ်းစွာ ကွဲပြားလို့ ရပါတယ် ဒါဟာ လူသားတို့၏ မွေးရာပါ အခွင့်အရေးပါ ။ သို့သော်
ယုံကြည်ယူဆချက်ဟာတော့ အမှန်တရားနဲ့ ကင်းလွတ်နေလို့ မကောင်းပါဘူး ။
ဗုဒ္ဓဘုရားရှင်ဟာ စိတ်ကူးဆိုသည် အချိန် အလျင်နှင့် ဟင်းလင်းနယ်တို့ကို ကျော်လွှားနိုင်တယ်ဆိုတာ ၊ စိတ်ကို အကောင်းဆုံး ပြုစုလေ့ကျင့် ပျိုးထောင်နိုင်မယ်ဆိုလျှင်
အဘိညာ ငါးပါး ( သဘာဝလွန် စွမ်းအားငါးရပ် ) ကို ပိုင်ဆိုင်နိုင်မယ်ဆိုတာကို လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀လောက်ကတည်းက ဖော်ထုတ်သွားခဲ့ ပြီးပါပြီ ။
သုံးလောက ထွတ်ထား မြတ်စွာဘုရား ချန်ထားခဲ့ တဲ့(အမှန်) တရားများဟာ ဘယ်လိုလုပ် လွဲပါ့လိမ့်မလဲရှင် ။
စိတ်ချမ်းသာစွာဖြင့်
သျှင်လေညင်း
၂၅ ၊ ရ ၊ ၂၀၁၅
Hla Myaing ရေပက်မဝင်ပါဘဲ။အရွယ်နဲ့မလိုက်အောင်ပါဘဲ။
Smoking is dangerous for your health လို့ဆေးလိပ်ဆေးရွက်ကြီးးရဲ့ဆိုးကျိုးကိုလူတွေသိနေကြပါတယ်။ဆေးလိပ်ဆေးရွက်ကြီးမှီဝဲလို့ဖြစ်တတ်တဲ့ရောဂါတွေကိုလည်းလူတွေသိကြပါတယ်။ဒါပေမဲ့တသက်လုံးဆေးပြင်းလိပ်ကြီးနဲ့တပူးတွဲတွဲတွေ့ရတတ်တဲ့အင်္ဂလိပ်နန်း
ရင်းဝန်ချာချီကြီးဟာဆေးလိပ်ရဲ့ဆိုးကျိုးမခံစားရဘဲသက်ရှည်ကျန်းမာခဲ့တယ်။အဲဒါဘာကြောင့်လည်းဆိုတာသိပ္ပံပညာရှင်တွေအဖြေရှာမရသေးတော့ချာချီလျံeffectလို့ဘဲနံမည်ပေးထားသေးတယ်။အဲဒါဘာကြောင့်လဲလို့ဗုဒ္ဓဘာသာတယောက်ကိုမေးရင်သူ့ကံပေါ့လို့ဖြေလိမ့်မယ်။ခရာဇ်ယန်တယောက်ကဘုရားသခင်အလိုတော်ကျလို့အဖြေထုပ်လိမ့်မယ်။မွတ်စလင်တယောက်ကတော့အလာဟ်စီမ်ံလို့
ခံယူလိမ့်မယ်။မွေးကတည်းကဘာသာမဲ့ခဲ့တဲ့အရင်ဆိုဗီ
ယက်ရုရှားတယောက်ကိုမေးရင်အဖြေတမျိုးထွက်လိမ့်မယ်မှန်တ
။လူတွေဟာသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေကိုယ်ယ်လို့လက်ခံထားတဲ့အယူအဆ၊အယူဝါဒထက်ကျော်လွန်မစဉ်းစားကြပါဘူး။ကိုယ့်အယူအဆနဲ့ကိုက်ညီတဲ့ဘက်ကိုသာအကြောင်းအမျိုးပြပြီးဆွဲတွေးတတ်ကြတယ်။တကဲ့freethinkerကဒါမျိုးမဟုတ်ပါဘူး။
ရှင်လေးညှင်းကိုအကြံပေးခြင်တာကပြည့်စုံငယ်ရွယ်တဲ့
ဘဝမှာချစ်သူနဲ့ပျော်ပျော်ရွှင်နေဘို့ဘဲဖြစ်ပါတယ်။
နက်နက်နဲနဲတွေးတောတယ်
ဆိုတာဝဋ်ကြီးသူတွေရဲ့အလုပ်ပါ။
Shin Lay Nynn ဟီး မတွေးရရင် မနေနိုင်ဘူး ဖြစ်နေတာလည်း ရောဂါလား ဆရာပြောသလို ဝဋ်တခုလား မသိတော့ပါဘူး ဆရာရေ

Tuesday, July 21, 2015

ပြည်တော်သာရမည် Government Tile Factory Burma

ပြည်တော်သာရမည်
Government Tile Factory
Burma
ယခုနှစ်အာဇာနည်နေ့တွင်အတွင်းဝန်ရုံးသို့ရောက်ရှိသွားရာပြုပြင်ဆဲလုပ်ငန်းများမှဖြုတ်ချထားသောအမိုးအုတ်ကြွပ်များကိုအမှတ်တမဲ့ကြည့်ရှု့မိရာခောတ်အဆက်ဆက်အုတ်ကြွပ်များကိုတွေ့ရသည်။
ဗြိတိသျှခောတ်ကုမ္ပဏီအမျိုးမျိုး၏အုတ်ကြွပ်များကြားမှပါလီမန်ခောတ်သမိုင်းကြောင်းကိုထင်ဟပ်နေသောအုတ်ကြွပ်တချပ်ကိုတွေ့ရသည်။ငုင်းမှာ

ပြည်တော်သာရမည်
Government Tile Factory
Burma
စာတမ်းပါအုတ်ကြွပ်ပင်ဖြစ်သည်။ှ
ဖဆပလပါလီမန်ဒီမိုကရေစီကါလကပြည်တော်သာစီမံကိန်းအမည်ဖြင့်စီမံကိန်းတခုအကေါင်အထည်ဖေါ်ခဲ့ဘူးသည်။
လူတစ်ကိုယ်တိုက်တစ်လုံး၊ကါးတစ်စီး၊လစာကျပ်၈၀၀ဟူ၍ဖြစ်သည်။ပြည်သူလူထုကါးပြည်တော်မသာခဲ့။တချို့လူများသာပြည်တော်သာစီမံကိန်း၏အသီးအပွင့်ကိုမယား၂ယောက်နှင့်ခံစားခွင့်ရခဲ့သည်။နေဝင်း၏မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကါလတွင်လည်းပြည်သူလူထုမှာကြားကါလအတွင်းငတ်နေပြီးအချို့သူများသာမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏အသီးအပွင့်ကို
ခံစားခဲ့ရသည်။နေဝင်းနောက်ဆက်ခံသောသန်းရွှေ၊သိန်းစိန်လက်ထက်တွင်လည်း
အမျိုးသားရေးကိုသစ္စာမဖေါက်ဘဲတိုင်းပြည်ကိုကယ်တင်၍ဆင်းရဲမွဲတေမှု့ပပျောက်ရေးဆောင်ရွက်လိုက်ရာလူလတ်တန်းစားပပျောက်သွားပြီးမြန်မာမများနိုင်ငံခြားသို့လူဖေါက်ရန်တင်ပို့ကုန်ြဖစ်ကုန်၏
ဘယ်သောအခါမှပြည်သူ့အကျိုးတကယ်ရှေးရှု့သော၊ပြည်သူနှင့်တသားတည်းဖြစ်သော၊ပြည်သူကလေးစားသောအစိုးရမျိုး
မြန်မာပြည်သူမျိုးရရှိမှာပါလိမ့်

Friday, June 19, 2015


သားသမီးနဲ့ပါတ်သက်လာတော့....

သားသမီးနဲ့ပါတ်သက်လာတော့....

သားသမီးမရခင်ဆယ်စုနှစ်ချီပြီးသစ္စာပြုလို့
ရလောက်အောင်ပါဏာတိပါတာကံကိုလုံ
ခြုံခဲ့ပါတယ်။သားအမွှာရရှိပြီးတဲ့နောက်
သားတို့အိပ်ယာခြင်ထောင်ထဲရောက်နေတဲ့ခြင်တွေကိုပါဏာတိပါတာကံမကျူး
လွန်ဘဲမဖယ်ရှားနိုင်တဲ့အခါ.....
အခုနောက်ပိုင်းကိုးကွယ်ရာဘာသာတရားအားလုံးရဲ့အကြောင်းနဲ့အကျိုးကိုနေ့စဉ်စဉ်းစားသုံးသပ်တာကလွဲလို့ဘာသာရေးလုပ်ထုံးလုပ်နည်းတွေကိုမလုပ်တော့တာနှစ်
ချီရှိနေပါပြီ။ဒါပေမဲ့အဝေးရောက်နေတဲ့
သားကြီးရဲ့အလုပ်အကိုင်၊ကျန်းမာရေးနဲ့
ပါတ်သက်လာတော့မလုပ်တာကြာပြီဖြစ်တဲ့ဘာသာရေးလုပ်ထုံးလုပ်နည်တွေကို....
ကိုယ်တိုင်ကဘဲကိုယ်ပိုင်ယုံကြည်ချက်၊ခံ
ယူချက်တွေမခိုင်မာလို့လား။ဒါမှမဟုတ်
သားသမီးနဲ့ပါတ်သက်လာတော့....

တခါမှမတွေ့ဘူးသေးသည့်ဒေါ်စု

တခါမှမတွေ့ဘူးသေးသည့်ဒေါ်စု
တခါမှလူကိုယ်တိုင်မတွေ့ဘူးသည့်ဒေါ်အောင်ဆန်းစုကြည်ကျန်းမာစေကြောင်းမွေးနေ့ဆုတောင်းလိုက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုတစ်ခါမှမတွေ့ဘူးပါ။ငယ်စဉ်ကဒေါ်စုတို့နေအိမ်နှင့်ကါးလမ်းသာခြားသည့်ကုက္ကိုင်းရွာကလေးတွင်နေခဲ့စဉ်ဒေါ်စုဦးလေးဦးသိန်းရွာအတွင်းရှမ်း
ဘောင်းဘီတကါးကါးနှင့်သွားလာလည်ပါတ်နေသည်ကိုမြင်ခဲ့ဘူးသော်လည်းဒေါ်စုရှိမှန်းပင်မသိခဲ့ပါ။
ကျောင်းသားဘဝအာဇာနည်နေ့ဗိုလ်ချုပ်အိမ်လေ့လာရေးမှစပြီးဗိုလ်ချုပ်မိသားစုအကြောင်းစါဓါတ်ပုံမှတဆင့်သိရှိခဲ့သော်လည်းဒေါ်စုကိုလူကိုယ်တိုင်မမြင်ခဲ့ဘူးပါ။
တနှစ်ကျောင်းသားဘဝရှမ်းပြည်နယ်တွင်ကွင်းဆင်းနေစဉ်သတင်းနှစ်ခုကြားပါသည်။တခုမှာနိုင်ငံခြားပါရဂူများကျောင်းသားများကွင်းဆင်းအဖွဲ့ကိုစစ်ဆေးမည်ဟူ၍ဖြစ်ပြီး
နောက်တခုမှာဒေါ်စုတို့မောင်နှစ်မနွေရာသီရှမ်းပြည်သို့အလည်လာသည့်အကြောင်းဖြစ်သည်။နိုင်ငံခြားပါရဂူအဖွဲ့ကိုကျောင်းသားနှင့်အရွယ်မကွာသည့်ယခုဒေါက်တာမောင်စံဖြစ်နေသည့်ဆရာမောင်စံက
ကျောင်းသားအဖြစ်အစစ်ဆေးခံရန်စီစဉ်
စောင့်ဆိုင်းနေသော်လည်းရောက်မလာကြပါ။ထို့အတူကျောင်းသားများတွေ့လိုသည့်
ဒေါ်စုတို့မောင်နှစ်မကိုလည်းမတွေ့လိုက်ရပါ။
၁၉၈၈သမိုင်းဝင်ကါလအတွင်းမိမိက
တောင်ငူရန်ကုန်စုံဆန်သွားလာနေသော်လည်းရန်ကုန်ဒေါ်စုတရားပွဲများနှင့်လွဲနေ
၍ဒေါ်စုကိုမတွေ့ဘူးခဲ့ပါ။
ထိုအတောအတွင်းဒေါ်စုကိုမိမိတွေ့ရှိခဲ့သည်ဟုခံစားမိသည့်ဖြစ်ရပ်တခုရှိခဲ့သည်။
ငုင်းမှာဒေါ်စုနှင့်နိုငံခြားသတင်းဌာနတခုအမေးအဖြေကိုရေဒီယိုမှနားထောင်မိခြင်းဖြစ်
သည်။ဒေါ်စုကိုယ်ပိုင်ဥာဏ်ရှိသည်ဟုခံစားမိခြင်းဖြစ်သည်။
၁၉၈၉ခုနှစ်အတောအတွင်းဒေါ်စုနယ်လှည့်ခရီးစဉ်တွင်မြို့ကလေးရှိမိမိမိသားစုရှိရာ
အဆောက်အဦး၌ခေတ္တဝင်ရောက်နားသွား
သော်လည်းမိမိမော်လမြိုင်ရောက်နေသဖြင့်ဒေါ်စုအားလူကိုယ်တိုင်တွေ့ခွင့်မကြုံခဲ့ပါ။
သို့သော်နောက်ပိုင်းဒေါ်စု၏လုပ်ဆောင်ချက်ပေးဆပ်မှု့များမှတဆင့်ဒေါ်စုအားမိမိတွေ့မြင်ခဲ့သည်ဟုခံစားရပါသည်။
ဒေါ်စုအားအင်းစိန်အကျဉ်းထောင်မှလွှတ်မည်ဟုသတင်းကြားသည့်ရက်ကမိတ်ဆွေတစ်ဦးနှင့်အတူအင်းစိန်အကျဉ်းထောင်ရှေ့တွင်စောင့်ဆိုင်းခဲ့သော်လည်းထိုနေ့ကမလွှတ်သဖြင့်ဒေါ်စုအားမတွေ့ခဲ့ရပါ။
ကြားဖြတ်ရွေးကေါက်ပွဲနေ့မတိုင်မှီတရက်
မိတ်ဆွေတဦးနှင့်အတူကေါ့မှုးသို့သွားရောက်ခဲ့ပါသည်။တနေကုန်တမြို့လုံပျော်ရွှင်တက်ကြွနေသည်ကိုကြည့်ပြီးညနေပြန်ခဲ့
သဖြင့်ဒေါ်စုအားမတွေ့ခဲ့ရပါ။
ယနေ့ထိဒေါ်စုအားမတွေ့ဘူးသေးပါ။သို့သော်ဒေါ်စုအားသိမြင်ခဲ့ပြီဟုခံစားရပါသည်။
ထို့ကြောင့်ဒေါ်အောင်ဆန်းစုကြည်ယနေ့မွေးနေ့မှစ၍အနှစ်တစ်ရာတိုင်သက်ရှည်ကျန်းမာစေကြာင်းဆုမွန်တောင်းလိုက်ပါသည်။ဗမာပြည်လွတ်လပ်ရေးလွယ်လွယ်နှင့်မရသေးဟုခံစားမိ၍ဖြစ်ပါသည်။

Sunday, May 31, 2015

ရိုဟင်ဂျာ၊ဘင်ဂလီ၊လှေစီးဒုက္ခသည်၊ရ ခိုင်ပြည်၊ဘူးသီးတောင်မောင်းတော၊ တောင်ပြိုလက်ဝဲ၊ဘင်းဂလားဒေ့ အပိုင်း၂

ရိုဟင်ဂျာ၊ဘင်ဂလီ၊လှေစီးဒုက္ခသည်၊ရ
ခိုင်ပြည်၊ဘူးသီးတောင်မောင်းတော၊
တောင်ပြိုလက်ဝဲ၊ဘင်းဂလားဒေ့
အပိုင်း၂
ရခိုင်အရေးအခင်းမဖြစ်ခင်စစ်တွေ၊ဘူးသီးတောင်၊မောင်းတော၊တောင်ပြိုလက်ဝဲ၊
ဘင်္ဂလားဒေ့သို့ရောက်ရှိခဲ့သည်။စစ်
တွေလိုမြို့ကြီးများတွင်ရခိုင်လူမျိုးအများစုရှိသော်လည်းနယ်စပ်ဘက်သို့ရောက်ရှိလာသည်နှင့်အမျှအသားမဲများများပြားလာသည်။ဘူးသီးတောင်၊မောင်းတော၊တောင်ပြိုလက်ဝဲတွင်အသားမဲများ၉၅ရာခိုင်နှုန်းခန့်ရှိမည်ထင်ပါသည်။မောင်းတော
တွင်ရှိစဉ်ခြေဖျားခေါင်းဆုံးအမဲရောင်ဝတ်စုံခြုံထားပြီးမိုးမရွာနေမပူပါဘဲလျှက်မနက်၆နာရီ၊ည ၇ နာရီလိုအချိန်မျိုးတွင်ပင်ထီးဖွင့်ဆောင်းထားသည့်အမျိုးသမီးအချို့ကိုတွေ့ရသောအခါအမြင်ဆန်းပြီးရန်ကုန်တွင်မတွေ့ဘူး၍အံအားသင့်မိသည်။ဒေသခံများအားမေးကြည့်ရာဓလေ့ထုံးစံအရတစိမ်းယောက်ျားများအကြည့်ကိုထီးဖြင့်ကါထားရန်ဖြစ်သည်ဟူ၏။ရှေးရိုးစွဲများဖြစ်ကြသည်။
ရန်ကုန်တွင်တော့မျက်လုံးလောက်သာဖေါ်၍တကိုယ်လုံးဝတ်ရုံခြုံထားသည်ကိုမြင်ဘူးသော်လည်းထိုကဲ့သို့မိုးမရွာနေမပူပါဘဲမနက်၆နာရီလို၊ည ၇ နာရီလိုအချိန်
မျိုးတွင်ထီးဖွင့်ဆောင်းထားသည်ကိုမမြင်ဘူးပေ။ရန်ကုန်တွင်ကမော်ဒရိတ်ဖြစ်ပြီးဘူးသီးတောင်မောင်းတောတွင်တော့ဘာသာရေးထွန်းသစ်စညွှန်ကြားချက်များ
ကိုအတိအကျလိုက်နာသည်ဟုကေါက်ချက်ချရမည်ထင်သည်။
တောင်ပြိုလက်ဝဲရောက်တော့ဟင်္သာ
စီမံချက်ဖြင့်တဖက်နိုင်ငံမှပြန်ဝင်လာသည့်သူများကိုလက်ခံသောဗိုလ်ခင်ညွန့်တို့အမှတ်တရတူးဖေါ်လှုဒါန်းထားသည့်ရေ
တွင်းကိုတွေ့ရသည်။မှတ်မှတ်သားသားလေ့လာခဲ့မိသည်မှာဗိုလ်သန်းရွှေ၊ဗိုလ်ခင်ညွှန့်တို့စီမံချက်ဖြင့်တည်ထားခဲ့သောနယ်စပ်ရွာပျက်ပင်ဖြစ်သည်။သွပ်မိုး၊ပျဉ်ခင်း၊ဝါးထရံကါအိမ်များမှာလူသူကင်းမဲ့နေသည်။တွေ့ရှိသည့်လူလေးငါးယောက်အားမေးမြန်းကြည့်၍သိရသညါမှာ.....
ဗိုလ်သန်းရွှေ၊ဗိုလ်ခင်ညွန့်တို့စီမံချက်ဖြင့်
တည်ထောင်ခဲ့သောရွာများဖြစ်ကြောင်း၊
ရန်ကုန်မြို့မှလမ်းဘေးနေအိုးအိမ်မဲ့များ၊
ရဝတမှစာရင်းပေးသည့်ငွေယူချောလိုက်သူများဖြင့်တည်ထောင်ထားသောရွာများဖြစ်ကြောင်း၊အိမ်ထောင်စုတစ်စုလျှင်သွပ်မိုးပျဉ်ခင်းထရံကါအိမ်တလုံး၊ဆိုက်ကါးတစီး၊အပ်ချုပ်စက်တလုံး၊စိုက်ပျိုးရန်လယ်ဧက၊ပေးကြောင်း။အိမ်ထောင်စု၎စုလျှင်လက်တွန်းလယ်ထွန်စက်တစီးပေးကြောင်း၊
လစဉ်ဆန်ကိုတာပေးကြောင်းသိရသည်။
သို့သော်ရောက်လာသူများမှာမျိုးချစ်
စိတ်အပြည့်၊နိုင်ငံရေးအသိရှိရှိ၊တိုင်းပြည်အတွက်ဗော်လံတီယာလုပ်လာသူများမဟုတ်ဘဲထိုခောတ်ထုံးစံလူကြီးညွှန်ကြားချက်ကိုဖြစ်သည့်နည်းဖြင့်အကေါင်အထည်ဖေါ်ရန်အတင်းအဓမ္မပေးပို့လိုက်သောလူများဖြစ်ခြင်း၊ထိုဒေသတွင်လုပ်ကိုင်မစားတတ်၊လယ်မလုပ်တတ်၊ဒေသခံများနှင့်လိုက်လျေညီထွေမနေတတ်ခြင်းတို့ကြောင့်လက်တွန်းထွန်စက်၊ဆိုက်ကါး၊အပ်ချုပ်စက်တို့ကိုတဘက်နိုင်ငံတွင်ရသည့်ဈေးနှင့်ရောင်းပြီးအိမ်ဟောင်းလောင်းထားကါပြန်ပြေးကြသည်။စီမံချက်အကေါင်အထည်ဖေါ်စဉ်ကလည်းငွေယူ၍လိုက်လာသူများမှာသင်္ဘောမှခုံချထွက်ပြေးခြင်း၊ဖြန့်ဝေပေးရန်သင်္ဘောတင်ပေးလိုက်သည့်ဆိုက်ကါးအသစ်များမှာခရီးဆုံးရောက်၍ဖြန့်ဝေသည့်အခါဆိုက်ကါးအစုပ်အဟောင်းဖြစ်နေသည်ဟူ၏။ဓါတ်ပုံပါအိမ်နှင့်ဆိုက်ကါးမှာငုင်းစီမံချက်မှအိမ်နှင့်ဆိုက်ကါးပင်ဖြစ်သည်။
ခြုံ၍ဆိုရသော်ငုင်းစီမံချက်သည်စကတည်းကပျက်သည်ဟုပြောရမည်ဖြစ်သည်။
စီမံချက်၏မူလရည်ရွယ်ချက်မှာတဖက်နိုင်ငံမှအသားမဲများလူဦးရေပေါက်ကွဲ၍ဒီဖက်သို့ပြိုဆင်းလာသည်ကိုတားဆီးနိုင်ရန်နယ်စပ်တွင်ဗမာရွာများတည်၍တားဆီးရန်ဖြစ်သည်။
အနော်ရထာမင်း၏ကင်းတပ်မြို့များ၊အစ္စ
ရေးနိုင်ငံတည်ထောင်စနယ်စပ်သမဝါယမကျေးရွာများနှင့်နှိုင်းယှဉ်ရမည်လားမသိ။သို့သော်ဗိုလ်သန်းရွှေ၊ဗိုလ်ခင်ညွန့်တို့၏ဗမာကင်းတပ်ရွာများမှာမျိုးစေ့မမှန်၍
အပင်မသန်ခဲ့ခြေ။အစ္စရေးတို့၏နယ်စပ်သမကျေးရွာမျးမှာမူအစိုးရနှင့်ပြည်သူတသားတည်းဖြစ်ပြီးပါလက်စတိုင်းနှင့်အာရပ်တို့အလစ်ဝင်ရောက်ပစ်ခတ်သည့်
ဒါဏ်ကိုဘေးတွင်သေနတ်ထား၍ယာထွန်ရင်းကြံ့ကြံ့ခံနိုင်ငံထူထောင်ခဲ့ခြင်းဖြစ်သည်။်
ဘင်ဂလားဒေ့နိုင်ငံဘက်သို့သွားရောက်ရာတွင်ရောက်ရောက်ခြင်းhand phone
ကိုင်စကါးပြောပြီးလယ်ကန်သင်းပေါ်တက်လာသည့်လယ်သမားကိုတွေ့ခဲ့ရသည်။ထိုစဉ်ကမြန်မာပြည်တွင်hand phoneမှာအခွင့်ထူးခံနှင့်တတ်နိုင်သူတို့
သာဂုဏ်ရှိန်ပြပစ္စည်းအဖြစ်ရှိနေချိန်ဖြစ်သည်။ပင်လယ်ကမ်းစပ်သို့ရောက်သောအခါတွင်လည်းပင်လယ်ငါးဖမ်းလှေတို့
မှာဆေးရောင်စုံဖြင့်အလှပြထားသည့်နှယ်ရှိသည်။လူဦးရေများပြားလွန်းသည့်ဒါဏ်ကိုခံနေရပေမင့်ဘင်ဂလားဒေ့တိုင်းပြည်အနေဖြင့်အညံ့ကြီးမဟုတ်ဟုကေါက်ချက်ချမိသည်။
တိုင်းပြည်၂ုနယ်နမိတ်မှာလည်းဟာလာဟင်းလင်းဖြစ်၍မြစ်ကူးလိုက်လျှင်၊နယ်နမိတ်ကျောက်တိုင်ကိုကျော်လိုက်လျှင်တဖက်နိုင်ငံသို့ရောက်သည်သာဖြစ်သည်။
နယ်စပ်ကျေးရွာများမှာလည်းအထက်ကအာဏာပိုင်အဖွဲ့အစည်းများမရောက်ရှိခြင်း၊ကျေးရွာအုပ်ချုပ်ရေးမှာလည်းဒေသခံများသာဖြစ်၍တဖက်နိုင်ငံမှကူးလာပြီးအခြေချနေထိုင်ဘို့ရာအခက်အခဲမရှိပေ။
ရခိုင်အရေးအခင်းဖြစ်ပြီးနယ်စပ်ခြံစည်းရိုးကါခြင်း၊နယ်စပ်စောင့်ရဲတပ်ဖွဲ့အခြေချကင်းလှည့်ခြင်းများပြုလုပ်ကြောင်းဖတ်ရသည်။သို့သော်ငုင်းစီမံချက်မည်မျှအောင်မြင်သည်ကိုမသိရပေ။တဖက်အခြေစိုက်လက်နက်ကိုင်အဖွဲ့မှစည်းရိုးကါအဖွဲ့အားပစ်ခတ်သတ်ဖြတ်ခြင်း၊သေနတ်လက်နက်ကိုင်ထားသည့်ရဲတပ်ကြပ်ကြီးကိုအသားမဲရွာသားများကအစဖျောက်လိုက်ခြင်း၊
လက်နက်ကိုင်အစောင့်အရှောက်ပါရှိသည့်စာရင်းကေါက်အဖွဲ့ကိုအသားမဲရွာသားများအုပ်စုလိုက်ဝိုင်းလာကြသဖြင့်
ထွက်ပြေးနေကြသည့်သတင်းနှင့်ဓါတ်ပုံများကိုတွေ့ရှိခဲ့ရသည်။
ခြုံ၍ပြောရလျှင်ကမ္ဘာ့နိုင်ငံအသီးသီးတွင်
ပြန့်နှံ့နေသည့်ပညာတတ်နှင့်ငွေကြေးတောင့်တင်းသောအသားမဲအဖွဲ့အစညး
များကဤစာအပိုင်း ၁ တွင်ဖေါ်ပြထားသလိုအစောကြီးကတည်းကရိုဟင်ဂျာဟူသောအမည်ကိုမီဒီယာနှင့်ကမ္ဘာ့စင်မြင့်တွင်တည်ဆောက်နေသလို၊
ISလိုအဖွဲ့မျိုးကငုင်းတို့ထူထောင်မည့်နိုင်ငံတော်မြေပုံတွင်မြန်မာနိုင်ငံကိုထည့်သွင်းရေးဆွဲထားခြင်း၊လူဦးရေပေါက်ကွဲ၍
ရပ်စရာနေရာမရှိလောက်အောင်လူကြပ်နေသည့်အိမ်နီးခြင်းနိုင်ငံများနှင့်ထိစပ်နေခြင်း၊ကမ္ဘာ့မိုးလေဝသပညာရှင်များ၏ကြိုတင်ဟောကိန်းအရ၂၀၅၀ခုနှစ်လောက်တွင်ဘင်းဂလားဒေ့နှင့်မြန်မာပြည်အောက်ပိုင်းပင်လယ်ရေလွှမ်းမိုးနိုင်သည်ဟူသောဟောကိန်း၊ငွေအဓိကထားသည့်အကျင့်ပျက်ဝန်ထမ်းများပေါင်းစည်းလိုက်လျှင်မြန်မာနိုင်ငံ၏ရှေ့ရေးမှာစနစ်တကျကြိုတင်စီမံချက်များမရှိပါကရင်လေးဖွယ်ဖြစ်သည်။ယနေ့ကြုံတွေ့နေရသည့်ထိုင်းနိုင်ငံတောင်ပိုင်းပြဿနာမျိုးမုချမသွေကြုံတွေ့လာမည်ဖြစ်သည်။
ပို၍ကြောက်စရာကေါင်းသည်မှာ ၁၉၈၈အရေးအခင်းကြောင့်ဘင်္ဂလားဒေ့သို့ရောက်သွားပြီးဘင်္ဂလားဒေ့တက္ကသိုလ်တွင်ကျောင်းတက်ခဲ့သည့်
Tin Maung Oo ၏ရေးသားချက်အရဆိုလျှင်မြန်မာနိုင်ငံတွင်းသို့ရေကြည်ရာမြက်နုရာရှာရင်းစိမ့်ဝင်လာသည့်အသားမဲများသာမကဘင်္ဂလားဒေ့အစိုးရကငုင်းနိုင်ငံ၏လမ်းဘေး
နေအခြေအနေမဲ့များအားမြန်မာဒုက္ခသည်စခန်းအမည်တပ်ထားသောနေရာများသို့ရွှေ့ထား၍ကုလသမဂ္ဂအစီအစဉ်ဖြင့်ကျွေးထားပြီးနိုင်ငံရေးကစားအကြပ်ကိုင်ကါမြန်မာပြည်သို့exportလုပ်ရေးစီမံချက်ပင်ဖြစ်သည်။ဦးနေဝင်းအချိန်ကအသားမဲ၁သိန်းထွက်သွားသည်ကို၂သိန်းပြန်လက်ခံခဲ့ရသည့်သမိုင်းကြောင်းရှိခဲ့သည်။

ရိုဟင်ဂျာ၊ဘင်္ဂလီ၊လှေစီးဒုက္ခသည်၊ရခိုင်ပြည်၊ဘူးသီးတောင်၊မောင်းတော


ရိုဟင်ဂျာ၊ဘင်္ဂလီ၊လှေစီးဒုက္ခသည်၊ရခိုင်ပြည်၊ဘူးသီးတောင်၊မောင်းတော(အပိုင်း ၁)

ယခုရက်ပိုင်းလှေစီးဒုက္ခသည်ဆိုသူများ၏သတင်းမြန်မာနှင့်ကမ္ဘာစာမျက်နှာ၊အင်တာနက်စာမျက်နှာများတွင်ဟော့အိုက်တန်ဖြစ်နေသည်။ဤကိစ္စနှင့်ပါတ်သက်၍
ကျွန်တော့အမြင်သာမန်အရပ်သားတဦး၏အမြင်ကိုပြောလိုပါသည်။ပထမဦးစွာရိုဟင်ဂျာဟူသောစကါးလုံးအကြောင်းပြောလိုသည်။မြန်မာနိုင်ငံအစိုးရမှမြန်မာနိုင်ငံတွင်ရိုဟင်ဂျာလူမျိုးမရှိကြောင်းအတိအလင်းပြောကြားပြီးဖြစ်သည်။နှစ်ဘက်ပညာရှင်များကလည်းကိုယ့်အထောက်အထားနှင့်ကိုယ်သက်သေပြဆွေးနွေးကြပြီးဖြစ်သည်။ကျွန်တော်ပြောလိုသည်မှာမှန
ကြောင်းမှားကြောင်းမဟုတ်ပါ။မြန်မာအစိုးရနှင့်မြန်မာပညာရှင်များသွေးအေးအိပ်မောကျနေချိန်တွင်တဘက်မှရိုဟင်
ဂျာဟူသောစကါးလုံးကိုကမ္ဘာစင်မြင့်တွင်အသေအခြာအခိုင်အမာအချိန်ယူတည်ဆောက်နေကြကြောင်းပြောလိုခြင်းဖြစ်သည်။ရခိုင်ပြည်နယ်အရေးအခင်းမဖြစ်ခင်ပဝေသဏီကပင်အနောက်နိုင်ငံမြို့များတွင်ရိုဟင်ဂျာခလေးငယ်များ၏ပန်းချီပြပွဲခေါင်းစဉ်ဖြင့်ခလေးပန်းချီပြပွဲကျင်းပသည်ကိုအင်တာနက်တွင်တွေ့ဘူးပါသည်။ ကျွဲစီး
နေသည့်ခလေးပုံလေးကိုကျွန်တော်ကိုယ်တိုင်မှတ်မိနေသေးသည်။ဤပြပွဲလာ
ကြည့်သူများနှင့်မီဒီယာများမှာရိုဟင်ဂျာဟူသောစကါးလုံးနှင့်သာရင်းနှီးပေမည်။
ရခိုင်ကိုသိမည်မဟုတ်ပေ။ဤသည်မှာကျွန်တော်သိသလောက်သာပြောခြင်းဖြစ်သည်။အခြားနည်းမျိုးစုံဖြင့်လည်းရိုဟင်
ဂျာဆိုသောစကါးလုံးကိုကမ္ဘာစင်မြင့်တွင်
ခိုင်မာအောင်တည်ဆောက်နေမည်မှာအသေအခြာဖြစ်သည်။မြန်မာအစိုးရနှင့်မြန်မာနိုင်ငံမှာကုလသမဂ္ဂနှင့်ကမ္ဘာမီဒီယာများမှရိုဟင်ဂျာဟုခေါ်ဝေါ်သုံးစွဲပြောဆိုရေးသားသည့်အခါမှအသေအလဲကန့်ကွက်ရန်သတိရတော့သည်။ယနေ့လှေစီးဒုက္ခ
သည်များနှင့်ပါတ်သက်သောfacebook
post တချို့တွင်အင်္ဂလိပ်မြန်မာ၂ဘာသာတွဲတင်သည်ကိုတွေ့ရခြင်း၊ဦး Aung Sein
၏postတခုတွင်မြန်မာအစိုးရ၏သတင်း
ထုတ်ပြန်ချက်ကိုကမ္ဘာကသိစေရန်အင်္ဂ
လိပ်ဗားရှင်းဖြင့်လည်းထုတ်ပြန်သင့်ကြောင်း
တိုက်တွန်းချက်တွေ့ရသောအခါကျွန်တော်နှင့်အတွေးတူသည်ဟုခံစားရပါသည်။ူင်္ဲကမ္ဘာကအမှန်သိအောင်ကမ္ဘာသိဘာသာစကါးဖြင့်ပြောရမည်ဖြစ်ပါသည်။
ရခိုင်အရေးအခင်းဖြစ်စဉ်ကfacebookတွင်ဆောင်းပါးရှင်တဦးမြန်မာလူမျိုးကိုအားမလိုအားမရရေးသားသည့်ဆောင်းပါးတပုဒ်ဖတ်ခဲ့ရဘူးပါသည်။ဆောင်းပါးအမည်မှာ ဖွဲမီး၊ကေါက်ရိုးမီး၊ဘင်္ဂလီမီး ဟုဖြစ်သည်။အကြောင်းအရာများစွာရေးထားသည်မှတခုမှာ,...
ရခိုင်အရေးအခင်းစဖြစ်သည့်အခါtwitter
(facebookမဟုတ်)တွင်မြန်မာ၅ယောက်နှင့်အခြားတဖက်မှ၅ယောက်အခြေအတင်ရေးသားခဲ့ကြသော်လည်းအရေးအခင်းအရှိန်အဟုန်မြင့်လာသည့်အခါအခြားတဖက်မှအယောက်၂၀၀ခန့်ရေးသားသော်။လည်းမြန်မာဖက်မှ၅ယောက်ထက်မပိုကြောင်း။အယောက်၂၀၀ပြောစကါးနှင့်၅ယောကပြောစကါးမည်သည်ကပိုအသံကျယ်မည်ထင်ပါသလဲ။အမှန်တွေကိုမြန်မာစာမြန်မာစကါးဖြင့်မည်မျှပြောပြောမြန်မာစကါးမတတ်သူတို့သိမည်မဟုတ်ပေ။ထိုဆောင်းပါးတွင်ပင်မြန်မာတို့၏အဓိကအားနည်းချက်ကိုထောက်ပြခဲ့သည်။မြန်မာတို့မှာကေါက်ရိုးမီးကဲ့သို့တရှိန်ထိုးတောက်လောင်တတ်သော်လည်းချက်ခြင်းပင်ငြိမ်းသွားတတ်ကြောင်းဖွဲမီးမှာတငွေ့ငွေ့
အဆက်မပြတ်လောင်ကျွမ်းတတ်၍ကြောက်ဖို့ကေါင်းကြောင်းရေးသားထားသည်။ဆောင်းပါးရှင်ထောက်ပြချက်မှန်ကန်ကြောင်းသက်သေသာဓကမှာမလေးရှားတွင်မြန်မာများတယောက်ပြီးတယောက်အပိုင်းပိုင်းအတစ်တစ်ခုတ်ပိုင်းအသတ်ခံရပြီးအမှိုက်ပုံတွင်စွန့်ပစ်ခံရခြင်းဖြစ်သည်။မည်သည့်မြန်မာမှအရေးအခင်းတွင်းသွေးဆူချိန်မှလွဲ၍သာမန်သွေးအေးချိန်တွင်ထိုကဲ့သို့သွေးအေးအေးဖြင့်ကြံစည်ရဲခြင်းမရှိကြသည်ကိုအားလုံးအသိပင်ဖြစ်သည်။မြန်မာခေါင်းဆောင်များသည်လည်းငုင်းတို့သက်တမ်းတိုတိုလေးအတွက်သာမစဉ်းစားဘဲတိုင်းပြည်အတွက်ရေရှည်စဉ်းစားမူဝါဒချဆောင်ရွက်သင့်သည်။ယခုလှေစီးဒုက္ခသည်ကိစ္စဆောင်ရွက်ရာတွင်လည်းဖိအားကြောင့်လတ်တလောဆေးမီးတိုသုံးဖြေရှင်းခြင်းမပြုဘဲတိုင်းပြည်
အကျိုးကိုရေရှည်မျှော်ကိုးဆောင်ရွက်သည့်မူဝါဒဖြင့်ဆောင်ရွက်သင့်သည်။(ဆက်ရန်)
(်

Like · Comment · Stop Notifications · Share · Edit · May 23

Tuesday, May 5, 2015

A house with the roof of leave at a small town, Burma.

ကျေးလက်စံအိမ်
တို့တောရွာ
Camp David
A house with the roof of leave
at a small town, Burma.
မြန်မာပြည်ကျေးလက်နေအိမ်များကိုယနေ့တိုင်ဓနိ၊သက်ကယ်၊တောင်ထန်း၊ထန်းရွက်၊ဝါးကပ်များဖြင့်အမိုးမိုးလေ့ရှိသည်။ငုင်းအမိုးများကပူပြင်းသောနွေရာသီတွင်အပူဒါဏ်မှသက်သာစေသည်။အမိုးသစ်လဲလှယ်သည့်နေ့တွင်အိမ်နီးခြင်းများကလုပ်အားပေးကူညီကြပြီးအိမ်ရှင်ကထမင်း၊ပဲဟင်း၊မကျီးရွက်သုပ်၊သားပြွမ်းဟင်း
ကျွေးလေ့ရှိသည်။စုပေါင်းပျော်ပွဲစားသည့်နှယ်ပျော်ဘို့ကေါင်းသည်။

တောမြို့လေးလဘက်ရည်ဆိုင်၌မေဝဲသာနှင့်ပက်ကွီအိုတို့လက်ဝှေ့ထိုးသတ်ခြင်း

တောမြို့လေးလဘက်ရည်ဆိုင်၌မေဝဲသာနှင့်ပက်ကွီအိုတို့လက်ဝှေ့ထိုးသတ်ခြင်း
ကျောင်းတုန်းကသူငယ်ချင်းတယောက်ရှိသည်။ငုင်းကအရက်သောက်လျှင်အ်မြီးကေါင်းကေါင်းနှင့်သူငယ်ချင်းတစုသီးသန့်အရက်သောက်ရသည်ကိုfeelမတွေ့၊အရက်ဆိုင်၌သာသောက်လိုသည်။ငုင်းခေါ်သွား၍ပုဇွန်တောင်ဈေးအရက်ဆိုင်များသို့
ရောက်ခဲ့ဘူးသည်။အဲဒီမှာမှatmosphere ရသည်ဟုပြောသည်။
ယခုလည်းလဘက်ရည်မိတ်ဆွေတချို့airconကေါ်ဖီဆိုင်ထိုင်ရသည်ကိုခံတွင်းမတွေ့၊လမ်းဘေးခုံပုလေးနှင့်လဘက်ရည်ဆိုင်တွင်အကြမ်းအိုးနှင့်ထိုင်လိုကြသည်။
ဆရာတို့အကြိုက်ကတမျိုးကို....
မိမိအင်တာနက်တွင်တွေ့လိုက်ရသောရာ
စုနှစ်၏လက်ဝှေ့ပွဲကြီးဆိုတာကိုကြည့်လိုသည်။ရောက်နေသည့်အိမ်မှာကစလောင်းမရှိ။ထို့ကြောင့်လက်ဝှေ့ပွဲပြမည်ဆိုသောလဘက်ရည်ဆိုင်သို့ချီတက်ခဲ့ရသည်။ရောက်တော့ပရိဿတ်များအတော်အသင့်ရောက်နေပြီဖြစ်သော်လည်းTVကမဲမှောင်။မီးပျက်နေသည်တဲ့။ပရိဿတ်အော်ဟစ်သံနှင့်မီးစက်မောင်းပြီးTVဖွင့်သည်။
ကြားပွဲတွေစနေပြီဘဲ။ပရိဿတ်ကတော့စုံသည်။ဦးဇင်း၊ကြက်သမား၊ထီရောင်းသူ၊
ရဲ၊၁၀၉/၁၁၀၊လဘက်ရည်ဆိုင်၏ပင်တိုင်ဖေါက်သည်များ......
ထိုးသူများကထိုးနေစဉ်လောင်းကြေးထပ်သူကထပ်သည်။ထိုးပုံထိုးပေါက်ဝေဖန်သူကဝေဖန်သည်။အားမလိုအားမရသံများထွက်သည်။အံ့သြဘို့ကေါင်းသည်မှာကြားပွဲ၂ပွဲလုံးတွင်လဘက်ရည်ဆိုင်ဒိုင်လူကြီးများအနိုင်ပေးသည့်လက်ဝှေ့သမားများအနိုင်ရသွားခြင်းဖြစ်သည်။ဒို့တောမြို့
ကလဘက်ရည်ဆိုင်လက်ဝှေ့ဒိုင်များ
တော်ကြပါသည်။
မျှော်လင့်နေသည့်ပွဲကြီးပွဲကေါင်းစပါပြီ။
လောင်းကြေးထပ်ကြသည်။ပရိဿတ်အများကအာရှသားခြင်းယိုင်းပင်းကြသည်။
ပွဲစဉ်တလျှောက်အာရှသားကတက်ထိုးထိုးသည်။တချိန်လုံးဖိထားသည်ပြောရမ
လား
အမေရိကန်သားကတော့ခွာထိုး၊ရှောင်ထိုး၊စောင့်ထိုးသည်။
ကြက်သမားကအမေရိကန်လက်ဝှေ့သမားက်ုကြက်လိမ္မာဟုပြောသည်။ထုံးစံအတိုင်းအားမလိုအားမရသံ၊အတင်းတက်ထိုးခိုင်းသံ၊လဘက်ရည်ဆိုင်ပိုင်ရှင်၏မီးစက်နှင့်ပြရ၍အစားအသောက်မှာရန်နှိုးဆော်သံ၊နောက်မှရောက်လာသူတို့၏ခုံတောင်းသံ။ပွဲပြီးလျှင်ထပြန်ကြ၍ငွေမရှင်းမည်စိုးသောဆိုင်ရှင်၏ပုဂံသိမ်းငွေတောင်းသံ၊ကွမ်းတံတွေးထထွေးသံ၊ထိတယ်မထိဘူးငြင်းခုံသံ။
ငုင်းအသံများကြားတွင်လက်ဝှေ့သမား၂ဦးမှာ၁၂ချီပြည့်ထိုးသတ်သွားကြပြီးအမေရိကန်သားကဒိုင်အမှတ်ဖြင့်နိုင်သွားသည်။ဒီတခါတော့လဘက်ရည်ဆိုင်ဒိုင်များ
အနိုင်ပေးထားသည့်လက်ဝှေ့သမားက
ရှုံးသွားသည်။
ပွဲပြီး၍အမျိုးမျိုးအဖုံဖုံဝေဖန်ပြီးထပြန်ကြသောပရိဿတ်ကိုကြည့်ရင်းငါရန်ကုန်အိမ်မှာဒီပွဲကြည့်ရင်ဒီလိုAtmosphereရမှာမဟုတ်ဘူးလို့......
အကယ်၍လက်ဝှေ့သမားနှစ်ဦးထိုးသတ်နေသည့်ပွဲကြည့်ရုံအတွင်းမိုက်တိုင်စင်၊
ပဲရစ်ဟေလတန်တို့ဘေးတွင်ငုင်းပွဲကိုကြည့်ရပါကဘယ်လိုAtmosphereရမှာပါလိမ့်...,