Tuesday, May 5, 2015

တောမြို့လေးလဘက်ရည်ဆိုင်၌မေဝဲသာနှင့်ပက်ကွီအိုတို့လက်ဝှေ့ထိုးသတ်ခြင်း

တောမြို့လေးလဘက်ရည်ဆိုင်၌မေဝဲသာနှင့်ပက်ကွီအိုတို့လက်ဝှေ့ထိုးသတ်ခြင်း
ကျောင်းတုန်းကသူငယ်ချင်းတယောက်ရှိသည်။ငုင်းကအရက်သောက်လျှင်အ်မြီးကေါင်းကေါင်းနှင့်သူငယ်ချင်းတစုသီးသန့်အရက်သောက်ရသည်ကိုfeelမတွေ့၊အရက်ဆိုင်၌သာသောက်လိုသည်။ငုင်းခေါ်သွား၍ပုဇွန်တောင်ဈေးအရက်ဆိုင်များသို့
ရောက်ခဲ့ဘူးသည်။အဲဒီမှာမှatmosphere ရသည်ဟုပြောသည်။
ယခုလည်းလဘက်ရည်မိတ်ဆွေတချို့airconကေါ်ဖီဆိုင်ထိုင်ရသည်ကိုခံတွင်းမတွေ့၊လမ်းဘေးခုံပုလေးနှင့်လဘက်ရည်ဆိုင်တွင်အကြမ်းအိုးနှင့်ထိုင်လိုကြသည်။
ဆရာတို့အကြိုက်ကတမျိုးကို....
မိမိအင်တာနက်တွင်တွေ့လိုက်ရသောရာ
စုနှစ်၏လက်ဝှေ့ပွဲကြီးဆိုတာကိုကြည့်လိုသည်။ရောက်နေသည့်အိမ်မှာကစလောင်းမရှိ။ထို့ကြောင့်လက်ဝှေ့ပွဲပြမည်ဆိုသောလဘက်ရည်ဆိုင်သို့ချီတက်ခဲ့ရသည်။ရောက်တော့ပရိဿတ်များအတော်အသင့်ရောက်နေပြီဖြစ်သော်လည်းTVကမဲမှောင်။မီးပျက်နေသည်တဲ့။ပရိဿတ်အော်ဟစ်သံနှင့်မီးစက်မောင်းပြီးTVဖွင့်သည်။
ကြားပွဲတွေစနေပြီဘဲ။ပရိဿတ်ကတော့စုံသည်။ဦးဇင်း၊ကြက်သမား၊ထီရောင်းသူ၊
ရဲ၊၁၀၉/၁၁၀၊လဘက်ရည်ဆိုင်၏ပင်တိုင်ဖေါက်သည်များ......
ထိုးသူများကထိုးနေစဉ်လောင်းကြေးထပ်သူကထပ်သည်။ထိုးပုံထိုးပေါက်ဝေဖန်သူကဝေဖန်သည်။အားမလိုအားမရသံများထွက်သည်။အံ့သြဘို့ကေါင်းသည်မှာကြားပွဲ၂ပွဲလုံးတွင်လဘက်ရည်ဆိုင်ဒိုင်လူကြီးများအနိုင်ပေးသည့်လက်ဝှေ့သမားများအနိုင်ရသွားခြင်းဖြစ်သည်။ဒို့တောမြို့
ကလဘက်ရည်ဆိုင်လက်ဝှေ့ဒိုင်များ
တော်ကြပါသည်။
မျှော်လင့်နေသည့်ပွဲကြီးပွဲကေါင်းစပါပြီ။
လောင်းကြေးထပ်ကြသည်။ပရိဿတ်အများကအာရှသားခြင်းယိုင်းပင်းကြသည်။
ပွဲစဉ်တလျှောက်အာရှသားကတက်ထိုးထိုးသည်။တချိန်လုံးဖိထားသည်ပြောရမ
လား
အမေရိကန်သားကတော့ခွာထိုး၊ရှောင်ထိုး၊စောင့်ထိုးသည်။
ကြက်သမားကအမေရိကန်လက်ဝှေ့သမားက်ုကြက်လိမ္မာဟုပြောသည်။ထုံးစံအတိုင်းအားမလိုအားမရသံ၊အတင်းတက်ထိုးခိုင်းသံ၊လဘက်ရည်ဆိုင်ပိုင်ရှင်၏မီးစက်နှင့်ပြရ၍အစားအသောက်မှာရန်နှိုးဆော်သံ၊နောက်မှရောက်လာသူတို့၏ခုံတောင်းသံ။ပွဲပြီးလျှင်ထပြန်ကြ၍ငွေမရှင်းမည်စိုးသောဆိုင်ရှင်၏ပုဂံသိမ်းငွေတောင်းသံ၊ကွမ်းတံတွေးထထွေးသံ၊ထိတယ်မထိဘူးငြင်းခုံသံ။
ငုင်းအသံများကြားတွင်လက်ဝှေ့သမား၂ဦးမှာ၁၂ချီပြည့်ထိုးသတ်သွားကြပြီးအမေရိကန်သားကဒိုင်အမှတ်ဖြင့်နိုင်သွားသည်။ဒီတခါတော့လဘက်ရည်ဆိုင်ဒိုင်များ
အနိုင်ပေးထားသည့်လက်ဝှေ့သမားက
ရှုံးသွားသည်။
ပွဲပြီး၍အမျိုးမျိုးအဖုံဖုံဝေဖန်ပြီးထပြန်ကြသောပရိဿတ်ကိုကြည့်ရင်းငါရန်ကုန်အိမ်မှာဒီပွဲကြည့်ရင်ဒီလိုAtmosphereရမှာမဟုတ်ဘူးလို့......
အကယ်၍လက်ဝှေ့သမားနှစ်ဦးထိုးသတ်နေသည့်ပွဲကြည့်ရုံအတွင်းမိုက်တိုင်စင်၊
ပဲရစ်ဟေလတန်တို့ဘေးတွင်ငုင်းပွဲကိုကြည့်ရပါကဘယ်လိုAtmosphereရမှာပါလိမ့်...,

No comments:

Post a Comment