Sunday, March 8, 2015

၈၄လမ်းမန္တလေးညဈေးတန်း မန္တလာရှု့ခင်း

၈၄လမ်းမန္တလေးညဈေးတန်း
မန္တလာရှု့ခင်း
လူသူကင်းရှင်းနေသောလမ်းမကြီး၊စာ
အုပ်ဆိုင်၎ဆိုင်၊အစားအသောက်ဆိုင်
၎ဆိုင်ခန့်၊စစ်ပစ္စည်းအရောင်းဆိုင်၁ဆိုင်၊
အဝတ်အထည်ဆိုင်၎ဆိုင်ခန့်။အဝတ်ဟောင်းဆိုင်၂ဆိုင်၊လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၎ဆိုင်၊ထိုးမုန့်ဆိုင်တဆိုင်၊အရှိန်မလျှော့ဘဲမောင်းနှင်သွားသောဆိုင်ကယ်တစီးစ၊နှစ်စီးစ....ဤကါးယနေ့မန္တလေးညဈေးမြင်ကွင်းပင်တည်း။ခောတ်ကါလအလိုက်တစတစလျော့ပါးလာသည့်မန္တလေးညဈေးပင်။
လူသူကင်းမဲ့နေသည့်ညဈေးလမ်းမကြီးပေါ်လျှောက်ရင်းတခါကစည်ကါးလှသည့်ညဈေးကိုလွမ်းမိသည်။လမ်း၂ဘက်ဆိုင်အပြည့်၊လမ်းပေါ်လူအပြည့်၊အထက်ကုန်အောက်ကုန်၊ရှမ်းကုန်၊ဗန်မော်ကုန်၊တရုပ်ကုန်အစုံရှိ။အမြီးပေးသည့်ထိုးမုန့်ကိုဆိုင်ကုန်အောင်မြီးပြီးလ္ဘက်ရည်တခွက်သောက်လိုက်လျှင်ညစာလွတ်နိုင်သည်။အိမ်သည်နှင့်ဧည့်သည်များညဈးလမ်းမကြီးပေါ်တွင်တိုးမပေါက်။ထိုစဉ်ကမန္တလေးရောက်လို့မှမဟာမြတ်မုနိနှင့်မန္တလေးညဈေးသို့မရောက်လျှင်မန္တလေးရောက်သည်မ
မည်။
လွမ်းရသည့်မန္တလေးညဈေးတန်း၊ခောတ်
အလျောက်ပျောက်ကွယ်တော့မည့်မန္တလေးညဈေး။အားလုံးသင်္ခါရပါဘဲလာ်း

No comments:

Post a Comment