Monday, March 2, 2015

ကျောင်းသားချစ်သူများနှင့်အစိုးရမုန်းတီးသူများသို့

ကျောင်းသားချစ်သူများနှင့်အစိုးရမုန်းတီးသူများသို့
အခုအချိန်သည်အရေးကြီးသောအချိန်အဆုံးအဖြတ်ပေးတော့မည့်အချိန်ဖြစ်ပါသည်။အစိုးရမုန်းတီးသူများသို့ပြောလိုသည်မှာယနေ့ကါလသည်''အောင်ကျော်သေတာကေါင်းတယ်''ဟုပြောပြီးအထွေထွေအကြပ်အတည်းကိုဖန်တီးယူရမည့်ကါလမဟုတ်ပါ။သိန်းဖေမြင့်တို့ပြောခဲ့
သည့်အချိန်ကလည်းဖြစ်လာသည့်အရေးအခင်းကိုအမိအရဆုတ်ကိုင်၍နိုင်ငံရေး
ရေချိန်ကိုမြှင့်တင်ခြင်းသာဖြစ်သည်။တမင်ထိုးကျွေးခဲ့ခြင်းမဟုတ်ပါ။အစိုးရကိုမုန်းတီးစိတ်ဖြင့်ကျေင်းသားများကိုထိုးကျွေးရာရောက်သည့်မည်သည့်ဆောင်ရွက်ချက်ကိုမျှမပြုလုပ်မိစေရန်မေတ္တာရပ်ပါသည်။
ကျေင်းသားများထပ်မံသွေးစွန်းမည်ကိုမလိုလားပါ။
ကျောင်းသားချစ်သူများသို့မေတ္တာရပ်ခံလိုသည်မှာယနေ့ကျောင်းသားများရင်ဆိုင်နေရသူများမှာငုင်းတိုလုပ်လိုရာကိုမစဉ်းမစားလုပ်တတ်သူများဖြစ်ပါသည်။ပြီးခဲ့သည့်ကိစ္စရပ်တိုင်းတွင်ငုင်းတို့ကိုယ်တိုင်
ဆောင်ရွက်ချက်များရှိသကဲ့သို့ငုင်းတို့နှင့်မပါတ်သက်သည့်မကျေနပ်သည့်ကြားလူကဝင်စွက်သကဲ့သို့လည်းဖန်တီးတတ်ပါသည်။ငုင်းကိစ္စမျိုးဟန့်တားနိုင်ရန်မှာလူသိများသည့်ရဟန်းရှင်လူများကကျောင်းသာများကိုဝန်းရံပြီးကြုံတွေ့လာရသောဖြစ်ရပ်တိုင်းကိုစက္ကန့်မလပ်မှတ်တမ်းတင်၍
ကမ္ဘာနှင့်မြန်မာလူထုအားသက်သေထူရန်လိုအပ်ပါသည်
ကျောင်းသားများဘေးအန္တရယ်ကင်းဝေးပါစေ။ဒီပဲရင်းအဖြစ်အပျက်မျိုးထပ်မံဖြစ်ပွားရန်မလိုလားပါ

No comments:

Post a Comment