Monday, January 12, 2015

လူနှင့်ကွန်ပြူတာဘယ်သူဥဏ်သာသလဲ


လူနှင့်ကွန်ပြူတာဘယ်သူဥဏ်သာသလဲ

ကွန်ပြူတာပေါ်စကလူတယောက်အတွက်အသင့်တော်ဆုံးအဟာရကိုမေးရာ
ကေါ်ဖီ၂၈ခွက်ဟုအဖြေထုတ်ပေးသဖြင့်
ငိုမရ၊ရီမရဖြစ်ခဲ့ရသည်။ကွန်ပြူတာမှားခြင်းမဟုတ်။ငုင်းကိုထည့်ပေးထားသည့်ဒေတာများအရခံစားချက်မပါဘဲအဖြေထုပ်
ပေးခြင်းသာဖြစ်သည်။
နောက်ကွန်ပြူတာမျိုးဆက်များတဆင့်ထက်တဆင့်တိုးတက်လာရာChess
Grandmaster လူသားကိုပင်chessတန်းတူထိုးနိုင်သည့်
ကွန်ပြူတာများပေါ်လာခဲ့သည်။နောင်
တွင်လူသားတွေးသလိုတွေးနိုင်သောကွန်ပြူတာများပေါ်လာမည်ဟုမျှော်လင့်ကြသည်။
အမှန်တကယ်တော့လူသားကိုယှဉ်နိုင်သည့်ကွန်ပြူတာမပေါ်နိုင်ပါ။အချို့လူများပြောသကဲ့သို့လူကကွန်ပြူတာကိုတီထွင်ထားခြင်းဖြစ်သဖြင့်ကွန်ပြူတာကလူကိုမနိုင်ခြင်းမဟုတ်ပါ။လူ့အကြောင်းသိ၍ပြောခြင်းဖြစ်သည်
လူသည်သူတီထွင်ထားသောကွန်ပြူတာ
မပြောနှင့်သူ့ကိုဖန်ဆင်းထားသောဘုရားသခင်ကိုပင်တက်လိမ်နိုင်သူဖြစ်သည်။
ဘုရားသခင်ကသတ္တဝါများအားဝေမျှစားစေလိုသောစေတနာဖြင့်မိမိရှာဖွေရသည်မှအချိုးကျဝေမျှပေးရန်သတ်မှတ်ပေးထားရာကျွန်တော်တိုလူသားတဦးကသူပြန်
လည်ဝေမျှရမည့်ရွှေ၁ပိဿာကိုဝေမျှရာတွင်ဂျုံတအိတ်ပါအပိုဆောင်းဝေမျှမည်
ဆုံးဖြတ်ပြီးဂျုံတအိပ်အတွင်းရွှေ၁ပိဿာ
ထည့်ပိတ်ပြီးငုင်းဂျုံအိတ်ကိုလူမမာအဘိုးအိုအားဝေမျှလိုက်သည်။ငုင်းဂျုံအိတ်ကိုမနိုင်မနင်းသယ်ယူရန်ကြိုးစားနေသောအဘိုးအိုအားသနားကြင်နာသောအားဖြင့်
အဘိုးအိုရောင်းချသောဈေးဖြင့်ငုင်းဂျုံအိတ်အားပြန်ဝယ်ထားလိုက်သည်။
ကွန်ပြူတာသည်ထိုလူသား၏ဥာဏ်မျိုး
ကိုယှဉ်နိုင်ပါမည်လား။
မှတ်ချက်။ ။ထိုလူသားသည်မြန်မာပြည်မှအမည်တွင် Tနှင့်Sပါသောဥာဏ်ကြီးရှင်နှစ်ဦးမဟုတ်ပဲါ

Like · · Stop Notifications · Share · Edit · Yesterday · Edited

No comments:

Post a Comment